08

1.1K 220 62
                                    

[UNICODE]

Studio ထဲကနေ ထွက်လာလာချင်း
Yoongi မြင်လိုက်ရတာ
သူ့နဖူးအလယ်တည့်တည့်မှာ ကပ်ထားတဲ့
အဝါရောင် စာရွက် အထပ်လိုက်ကိုပင်။

သူ့အိမ်ဧည့်ခန်းအလယ်မှာ ချိတ်ထားတဲ့
ဓာတ်ပုံရဲ့ နဖူးတည့်တည့်မှာ ကပ်ထားတာဖြစ်၏
မှတ်စုစာရွက်တိုလေးတွေ
လေးရွက်လောက်ရှိမည်ထင်သည်၊
ဘာတုန်းဟ ?

အပေါ်ဆုံးကစာရွက်ကို
သူကြည့်လိုက်သည်။

Jimin? ဘေးအိမ်က ကောင်လေးလား

အချိန်မရှိတာမို့
နောက်မှအသေးစိတ်ရှင်းပြပါမည်ဟု
အစချီထားသော်ငြား
ဟိုဘက်ဝရန်တာကနေ
Holly ကိုစတွေ့တာကစလို့
စာရေးထားခဲ့တဲ့အကြောင်းထိ
အကုန်ရေးထားခဲ့သည်။

စာအဆုံးထိဖတ်ရင်း
သူပြုံးလိုက်မိသည်။

ဟေး သူက တိရစ္ဆာန် လေးတွေချစ်တတ်တဲ့ပုံပဲ ။
ဒါဆို Park Jimin က
ကြင်နာတတ်တဲ့ ကောင်လေးပေါ့။

အမှန်တော့Jiminဆိုတဲ့ကောင်လေးထင်သလို
သူအိမ်မှာမရှိတာတော့မဟုတ်
Studioထဲမှာ မနေ့ညကစပြီး
တော်တော်ကြာ ရှိနေခဲ့တာဖြစ်သည်။

အခန်းကအသံလုံနေတာကြောင့်
တံခါးဘဲလ် တီးသံမကြားရခြင်း
ဖြစ်လိမ့်မည်။

Hollyက
ခုံပေါ်မှာ အိပ်နေသည်။
မနေ့ညက သူ တံခါးပိတ်ဖို့မေ့သွားတာဖြစ်သည်။
ဒီကောင်လေး ဘာဖြစ်လို့အပြင်ထွက်သွားပြီး
ဟိုဘက်အိမ်က Jiminနဲ့ တောင် တွေ့သွားလဲမသိ။
ခါတိုင်းဆို အပြင်မထွက်ဘဲ
တချိန်လုံး အိပ်နေတာ ကိုလေ ။

ဒါနဲ့ ကောင်လေးက
ညနေကျ သူတခေါက်ပြန်လာခဲ့မယ်တဲ့
စာထဲမှာ..... ဘာလို့လဲ
အကြောင်းစုံလည်း ပြောပြပြီးပြီလေ...

ကျေးဇူး တင်ခိုင်းဖို့လား?

အနှီကောင်လေးသာမတွေ့ခဲ့ရင်
အပြင်မှာ တစ်ကောင်တည်း
သူမသိဘဲ အိပ်ပျော်နေပြီး
နေမကောင်းဖြစ်နေရင် ဒုက္ခပဲ...
ဆိုပေမဲ့...
သူကယ်ပေးတာ Holly ကို လေ
ငါ့ကို လာပြီး ကျေးဇူး တင်ခိုင်းနေတာ
မဟုတ်ချေသေးဘူး....

ရှုပ်လိုက်တာ Min Hollyကို တခါထဲ
ကျေးဇူး တင်ခိုင်းခဲ့ပြီးရော

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now