Special Chapter : Travel blogspot.com

917 171 7
                                    

[UNICODE]

Theirs Travel Blog

အပြင်မှပြန်လာသော
Yoongi နှင့် Jiminနှစ်ယောက်သား ။

**Aigoo.. ဒီညီအစ်ကိုတွေ ဘယ်ကပြန်လာကြတာလဲ ခရီးသွားကြတာလား**

အဝင်ဝမှာ လှမ်း နှုတ်ဆက်သူသည်
သူတို့အောက်ထပ်မှာနေသော
ဦးလေးကြီးဖြစ်သည်။
မိသားစုကလွဲ၍စီးပွားရေးကိစ္စ ပဲစိတ်ဝင်စားသူမို့
အနုပညာရှင်တွေ ဘာတွေ သိပ်မသိသော
ဦးလေးကြီးသည် ခဏခဏအတူတွေ့ရတတ်သော
သူတို့နှစ်ဦးအား တစ်ကယ့်ညီအစ်ကိုရင်းဟု
မှတ်ယူထားသည်။

ခင်မင်ဖို့ကောင်းသည့် ဦးလေးကြီးမို့
နှစ်ယောက်လုံးနှင့်ရင်းနှီးသည်။

**ဟုတ်ကဲ့ ကျွန်တော်တို့ camping **

**သြော် ဒီလိုကိုး ပျော်လာကြပုံပါပဲ.... အတူတူခရီးတွေဘာတွေထွက်တာပေါ့... ညီအစ်ကို တွေ ဆက်ဆံရေး ကောင်းကြသား.. ကောင်းတယ်ကောင်းတယ် မိသားစုအချင်းချင်း အများကြီးချစ်ရမယ်နော်**

ခပ်ပြုံးပြုံးနှင့် ခေါင်းငြိမ့်ရင်းထွက်
သွားသည့်ဦးလေးကြောင့်
နှစ်ယောက်လုံး ရယ်ချင်သွားမိသည်။
နှစ်ယောက်လုံးမျက်နှာတွေစူပုပ်ပြီး
ပြန်လာတာပါလို့ ဦးလေးရေ ။

ဘာကိုပျော်ပျော်ရွှင်ရွှင်ခရီးလည်း
နှစ်ယောက်သား တစ်လမ်းလုံးရန်သတ်ပြီး
ပြန်လာကြတာ ။
စထွက်ကတည်းကို ရန်ဖြစ်လိုက်သည်မှာ
တလျှောက်လုံးရှိနေခဲ့တဲ့
ခင်မင်မှုလေးတောင်ပျက်စီးတော့မလို့ ။

စောစောသွားမည်တိုင်ပင်ထားပြီး
အိပ်ရာ မနိုးသည့်Jimin ကို
Yoongiဘာမှမပြောသေး။
လမ်းတခေါက်ချိုးရောက်တော့မှ အထုပ်အပိုးတွေ
တခုမှပါမလာမှန်းသိလို့ ပြန်လှည့်ရတော့
စပြီးအော်ဟစ်တော့သည်။

စိတ်သိပ်မရှည်သူနှင့်
ဘာလုပ်လုပ်နှေးကွေးတတ်သူတို့
တကျက်ကျက်နဲ့ရန်ဖြစ်ကြလေပြီ။

ကားမောင်းရင်း
သီချင်း ဖွင့်ရာမှာလည်း သတ်ကြပြန်သည်။

**အာ Hyung ဘာတွေဖွင့်နေတာလဲ ... change change... ဒီဟာလေးပြောင်းမယ် **

**ဘာလဲ ဘာလို့လဲ ကောင်းပါတယ် **

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now