အပိုင်း ၆

90.6K 10.6K 980
                                    




" သား.... ထင်ထင် "

မိုးလင်းတာနဲ့ စားပြီးသောက်ပြီးသော်
ပိုးအင်္ကျီယောပုဆိုးကိုသေသေသပ်သပ် ဝတ်ဆင်ကာ ကုတ်အနက်အပေါ်ကထပ်လို့ လည်တိုင်ကို တဘတ်တစ်တည်ပတ် အုန်းဆီရွဲနေအောင်လိမ်းပြီး ရွာထဲခြေဆန့်ရန် ပြင်နေသောသားကို လှမ်းခေါ်လိုက်သည် ။

" ဗျ မေကြီး "

" အစောကြီးရှိသေးတာ ဘယ်သွားမလို့တုန်း "

" ဒီတိုင်းရွာထဲ ဟိုသွားဒီသွားပါမေကြီးရ "

" လာပါဦး သားကိုအိမ်မှာကိုမတွေ့ရဘူး "

ခေါ်လိုက်တော့လည်း ဘေးကိုလာထိုင်ကာ
ခါးကိုတိုးဖက်သည် ။ ခေါင်းကြီး ပုခုံးပေါ်တင်လျက်ကလေးလေးအတိုင်း ။  ဘာတွေလိမ်းကျံထားမှန်းမသိတဲ့ အမွှေးနံ့သာတွေကသားနားကနေ လျှံထွက်လို့နေတာ ခေါင်းတောင်မူးရသည် ။

" မေကြီး သားကိုမုန့်ဖိုးပေးမလို့လား "

အိမ်အလုပ် ယာအလုပ် လယ်အလုပ် တစ်ခုမှသဘောမကျပေမယ့် မိဘဆီကို မုန့်ဖိုးလက်ဖြန့်တောင်းရတာတော့
သိပ်သဘောကျပုံရသည် ။ သားလေး တစ်ယောက်ရှိပါသည် ဆိုးလိုက်တာမှ လက်လက်လန်လို့ ။ တစ်နေ့တစ်နေ့ ရှင်းလိုက်ရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်က သူကျောင်းတက်တော့မှ တော်ရာကျတော့သည်။

" မေကြီး သတင်းတွေကြားတယ်နော်
မနေ့က ယဉ်ယဉ်ကိုဘာလို့နှောက်ယှက်တာလဲ
သူ့ဟာသူနေနေတာကို "

" ကူညီတာပါမေကြီးရယ်
သားကစေတနာနဲ့ပါ "

" ဟိုကမကူညီစေချင်ရင် နေတော့လေ
ဘာလို့သားကအဲလိုလုပ်ရတာတုန်း "

" ..... "

" သူ့ဟာသူနေနေတာကို သွားမရှုပ်ပါနဲ့
သားအကြောင်းမေကြီးသိတယ်နော်
မေကြီးက မိတုတ်လေးကိုပဲ မေကြီးရဲ့သမီးလေးဖြစ်စေချင်တာ "

" သူ့အစ်ကို ရှိုင်းသစ်ကိုသားမကြိုက်ပါဘူး
ကြည့်လို့်ကိုမရဘူး "

" သားကြိုက်ရအောင် သားကိုရှိုင်းသစ်နဲ့
ယူခိုင်းနေတာမှမဟုတ်တာ "

" မသိဘူးဗျာ သားသွားတော့မယ်

သာဒိုး ဟေ့ကောင်လိုက်မှာဆိုလာ "

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Where stories live. Discover now