အပိုင်း ၂၁

94.1K 10.8K 1.9K
                                    




" မိယဉ် အာစရိနဲ့ဘာဖြစ်ထားတာလဲဟာ
အထင်လွဲနေတာရှိရင် သေချာဖြေရှင်းကြည့်ပါလား
ကြာရင်အာစရိကလမ်းမှားရောက်တော့မယ်
တစ်ချိန်လုံးထန်းရည်သောက်မပျက်
အားတိုင်းလောင်းကစားဝိုင်းတွေမှာပဲ
မသောက်တတ်တဲ့ဆေးလိပ်တွေရောသောက်လို့
ကွမ်းတွေရောစားလို့ ဒီလိုတစ်ခါမှမလုပ်ဘူးတဲ့
လုပ်ရပ်တွေကြောင့် မိဘနှစ်ပါးရော
ဘုန်းဘုန်းကအစထိန်းမရတော့တာ
နင်လည်းသိတယ်မလား "

သာဒိုးရဲ့ပြောစကားတွေပြန်တွေးပြီး
လူကနှလုံးရောဂါရတော့မည် ။ သူပြောတဲ့အတိုင်း
ဒီရက်တွေမှာမောင်ကလူဆိုးတစ်ယောက်သာသာ။
ထန်းရည်ဝိုင်းမှာရန်ဖြစ်တယ်ဟေ့
ကြက်ဝိုင်းမှာဆော်နေကြပြီတဲ့
ဖဲဝိုင်းမှာရောရိုက်ကုန်ကြပြီတဲ့ နောက်ဆုံး
တွေ့တဲ့နေရာလမ်းပေါ်မှာ မူးပြီးအိပ်နေတယ်တဲ့ စသည့်သတင်းတွေမှာ မောင်ကထိပ်ဆုံးက ဖြစ်နေသည် ။ ဒုစရိုက်မှန်သမျှ ခိုးယူတာ ဓားပြတိုက်တာ သူများသားမယား ဖျက်ဆီးတာကလွဲပေမယ့် မောင်က လူရမ်းကားတစ်ယောက်လိုဆိုးသွမ်းလာသည် ။
အမှန်တရားတွေဖွင့်ချပြခဲ့တာ မောင်ဒီလို
ဖြစ်လာဖို့မှမဟုတ်ပါပဲ ။ တစ်ပူပေါ် တစ်ပူဆင့်နေရလို့ အခွင့်များရှိသေးခဲ့ရင်
ဒီလိုတွေမောင်ဆက်မလုပ်ဖို့ တားချင်မိပေမယ့်
မျက်နှာချင်းတောင်မဆိုင်တဲ့ မောင်က
နားရောထောင်ပါ့မလားစိုးရိမ်သည် ။

" ယဉ်... ယဥ့်ကိုကြည့်ရတာ
အားမရလိုက်တာ "

ခပ်တိုးတိုးပြောလာသည့်ရှိုင်းသစ် ။
ကိုယ်လုပ်စရာရှိတာသွားစရာရှိတာတွေ
အရင်လိုပြန်လည်ပတ်နေပေမယ့် မလဲရုံတမယ်သာ ထမင်းနပ်စားဝင်သည် ။
အိပ်သည်ဆိုရုံသာအိပ်ဖြစ်သည် ။ ဒီရက်တွေ
မောင့်ကိုခဏခဏတွေ့ဖြစ်ပေမယ့် မျက်နှာချင်းမဆိုင်ဖြစ်တာ အကြည့်တွေမဆုံဖြစ်တာတွေ့တိုင်းပင် ။
နာကျင်မှုတွေတောင်ကျွန်တော်နှင့် ယဉ်ပါးလို့လာပြီလေ ။

ပြောရင်းဆိုရင်း ရှေ့မျက်နှာကလာနေသည့်
ချစ်ရသူ ။ ပုဆိုးမနိုင်လက်ကကိုင်လျက်
နောက်တစ်ဖက်ကထန်းရည်အိုးပိုက်ထားသည် ။
ဖွာလန်ကြဲထွက်နေသည့်ဆံတိုဆံစ ။ ပိန်ကျသွားသည့်မောင့်မျက်နှာပြည့်ပြည့် ။
ယိုင်ထိုးနေသည့်ခြေလှမ်းတွေ ။ မြင်တိုင်း
အမြဲမူးနေသည့်ဒီပုံစံကြောင့်လည်း ရင်တွေနာလို့မဆုံး ။ လွမ်းရသူအဖို့တွေ့လေတိုင်း မမြင်ကွယ်သည်အထိငေးရသည် ။ မောင်ကတော့
မူးနေပေမယ့် ကျွန်တော့်ကိုလုံးဝမကြည့်ဖို့
သတိကတော့မလွတ်ဘူးထင်ပါသည် ။
ခပ်တန်းတန်းအကြည့်တွေကယောင်လို့တောင်
လှည့်မလာခဲ့ ။

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Where stories live. Discover now