အပိုင်း ၁၈

89.8K 10.1K 1.3K
                                    

" ခင်စရာမင်စရာ ရူပါရုံချောသူသက်လျာ
ကြင်နာစွာ မောင့်စိတ်ထဲမှာ
ချစ်မိတာကြိုက်မိတာ
စေတနာဝေဖြာ ခင်သူဇာလှပျိုမျက်နှာ
အသည်းထဲမှာစွဲကာ ထာဝရစဉ်သာခင်တာ

ဂေါ်သဇင်ပန်းပွင့်လန်း နန်းဥယျာဉ်မှာ
ချုချင်သော်လည်း စိတ်ထဲရဲသွေးမ၀င်ပါ
ခင်နှမသက်လျာ သနားကြင်နာ
ခွင့်ပေးဖို့ရာ တောင်းပန်ရတာ

သဒ္ဒါဟုန်ဇောမနော ပြောလို့မကုန်ပါ
ခင်မင်သူကလေးချစ်ရေး တွေးမိပြန်တာ
ရွှေပါးအပ်ကာစကားချိုသာ
စောင့်စားသူမောင့်ကို ကြည်ဖြူစေချင်တာ

ဘရဏီပုံတစ်နှုန်း ပြုံးလျက်မူရာ
ခုံးမျက်စချီကာ စန္ဒာလမင်း
အဆင်းနဲ့တူစွာ ၀င်းဝင်းပပဖြာ
ဘရဏီပုံတစ်နှုန်း ပြုံးလျက်မူရာ
ခုံးမျက်စချီကာ စန္ဒာလမင်း
အဆင်းနဲ့တူစွာ ၀င်းဝင်းပပဖြာ

ကြည်လင်ပေတာ မြင်ရသူချစ်ချင်စရာ
တော်ဝင်သူပါ နန်းထိုက်ပန်းမကိုဋ်ညှာ
အသားဝါရွှေသွေး မွှေးလျက်ကြူတာ
ပန်းပေါင်း ရနံ့တွေဖြာ
ခင်ခင်ပျိုနှမ လှရက်ပေတာ
ချစ်မိကြိုက်မိတာ

ချစ်မေတ္တာ ဖြိုးကြွလာ
မိုးကျမယ် အလှသူဇာ...
ကြည်နူးစွာ ဖူးစာဖက်နဲ့
အကြောင်းဆက်နိုင်အောင်သာ
အို...ဒေ၀ါသိကြားမစပါ "


ထိန်ထိန်သာနေသောစန္ဒာလမင်းကြီးရဲ့
အလင်းဖြာနေသောလရောင်ထင်းထင်းအောက်မှာ
သီဆိုလိုက်သောသီချင်းစာသားအဆုံး
ကျွန်တော့်ရှေ့မှာ သကြားထုပ်ကြီး
လာချသောသာဒိုးကြောင့် တစ်ယောက်သောသူကို
ငေးကြည့်နေရာကနေ သူ့ကိုဘာလဲဆိုသော
အကြည့်ဖြင့်ကြည့်လိုက်သည် ။

" အာစရိပဲ ဒေဝါသိကြားမစပါဆို "

ကျွန်တော့်ကိုစောင်းချလာသော ဒီသာဒိုးကို
ဆွဲဆောင့်ထိုးလိုက်ချင်ပေမယ့် ဘေးက
တခစ်ခစ်နဲ့ထရယ်ကြသော အပျိုလေးတွေ
တစ်စုကြောင့်ကျွန်တော်စိတ်ထိန်းလိုက်ရသည် ။

" အေး... မင်းကံကောင်းသွားတယ်မှတ် "

လပြည့်ညကြီးမလို့ အိမ်ထဲနေသူကခပ်ရှားရှား ။
ရွာလယ်လမ်းမကြီးတစ်လျှောက် ဟိုဒီပြေးလွှားဆော့ကစားနေကြသော
ကလေးတွေနဲ့သာယာလို့နေသည် ။ ဟိုတစ်စု
ဒီတစ်စု ရေနွေးလက်ဖက်ဝိုင်းနှင့်စကားလက်ဆုံ
ကြနေသောလူကြီးအပေါင်းတို့နှင့်လည်း
လပြည့်ညကြီးကအသက်ဝင်လို့နေသည် ။

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Where stories live. Discover now