အပိုင်း ၁၆

87.2K 10.1K 2.9K
                                    


လက်ကလေးဆွဲပြီး ချစ်စကား ပြောလာကတည်းက ပြတ်ပြတ်သားသား ပြောခဲ့ရရင်အကောင်းသား ။ ဘာမှန်းမသိ
အိမ်ထဲပြေးဝင်သွားမိတာ အခုမှမှားမှန်း သိသည် ။ အခုတော့ကျွန်တော့်မှာ ရုန်းထွက်ဖို့မြေဆိုတာ နောက်တစ်ရွာ ပြောင်းမှသာရှိလာတော့မည် ။

" ရှုတိုင်းယဉ် ခြင်းတောင်းဒီကိုပေး
ကူကိုင်ပေးမယ် "

ကျွန်တော်မေ့နေပြီဖြစ်တဲ့ ကျွန်တော့်ဆီမှာရှိတဲ့သူ့အင်္ကျီ
သူ့ဆီမှာရှိတဲ့ အဖေ့အင်္ကျီကိုအခုမှ
လာလဲလှယ်သည် ။ မနေ့ကတည်းက အခုမနက်ထိကို မျက်နှာပူပူရှိနေဆဲမို့
အင်္ကျီကိုမြန်မြန်လဲပေးလိုက်သော်လည်း
သူကမပြန်ပဲ ကျွန်တော့်ဈေးခြင်းကိုပါ
ကူသယ်ပေးရမလားတဲ့ ။

" ရတယ် "

တိုတိုတုတ်တုတ်ပြောလိုက်မိပေမယ့် ဘာလို့လဲမသိ သူ့ကိုတော့အချိန်ကြာအောင် ကြည့်မိသွားသည် ။ လည်ကတုံး အင်္ကျီအဖြူလေး နဲ့ ချည်ချောပုဆိုးကိုသာ
ရိုးရိုးရှင်းရှင်းလေးဝတ်ထားပေသည် ။
မပါမဖြစ်တဘတ်အနက်ကလေးကိုလည်း
လည်ကိုပတ်ကာချထားသည် ။ ခါတိုင်းလို
ဟိုဘက်ထောင်ဒီဘက်ထောင်ထားသည့်
ဆံပင်မျိုးမဟုတ်တော့ပဲ အရှိအရှိတိုင်းလေး သာထားထားသည် ။ လက်ထဲမှာ
ပန်းနီနီလေးတစ်ပွင့်ကိုလည်း သူယုယုယယကိုင်လို့ထားလေ၏ ။

" ခင်ဗျားပန်ဖို့ "

ကမ်းပေးလာသောပန်းနီနီလေးကိုမြင်မှ
အသိတရားတို့ကပ်သည် ။ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီးနောက်
ခြင်းတောင်းကိုဆွဲလျက်သာ အပြင်ကို
မြန်မြန်ထွက်ခဲ့တော့သည် ။ နောက်ကပ်ရပ်က ထပ်တူလိုက်လာသည့်ခြေသံကြောင့်လှည့်ကြည့် မိပြန်တော့လက်နှစ်ဖက်နောက်ပစ်ကာ ခပ်ပြေပြေလေးသူပြုံးလျက်လိုက်လာ နေတော့သည် ။ ကျွန်တော်လည်းရှေ့ကိုသာ ခေါင်းကိုပြန်တည့်လိုက်ပြီး အကြောင်းမရှိ
ပြုံးမိပြန်ပါသည် ။ ဒီလိုလိုက်လာတာကို
ကျေနပ်မိနေတော့လည်းခက်ပါသည် ။

" မူယာလေးမော့မော့ ဆံနွယ်ကြော့ကြော့မှာ
မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပြီ
လှပါတယ်မေရယ် ပန်းကလေးတစ်ပွင့်လို

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Where stories live. Discover now