အပိုင်း၉

8.3K 915 17
                                    


Unicode

သူတို့ နှစ်ယောက် အိမ်တော်ကြီးထဲကို ဝင်လာခဲ့ကြပြီးနောက် ရှောင်ဟန်က ကျိုးယွင်ရဲ့အခန်းကိုမဝင်ဘဲ သူ့ရဲ့အခန်းရှိရာကိုသာ ဝင်သွားတော့ အနောက်မှလိုက်လာသည့် ကျိုးယွင်ရဲ့ မျက်နှာက ချက်ချင်းပဲ မည်းမှောင်သွားသည်။ကျိုးယွင်၏ မည်းမှောင်ပြီး အလိုမကျဖြစ်သွားတဲ့ မျက်နှာကို ရှောင်ဟန်က
သတိမထားမိလိုက်ပေ။

ကျိုးယွင်သည် ရှောင်ဟန်က မိမိအခန်းတွင်လိုက်အိပ်မည်ပြောပြီး အခုကျမိမိရဲ့ အခန်းကိုလိုက်မအိပ်ဘဲ သူ့အခန်းသူသာ ဝင်သွားလေသော ရှောင်ဟန်ကြောင့် စိတ်ကထောင်းခနဲ တိုသွားရသည်။

ဘာလဲ...ဒီလူကပေးထားတဲ့ ကတိကို ချက်ချင်း ဖျက်လိုက်တာလား...ရှောင်ဟန်ကော... ခင်ဗျား ပြောတော့ ကျွန်တော့် အခန်းမှာ လိုက်အိပ်မယ်ဆို...ဘာလို့ ချက်ချင်းကြီး ဂတိကို ဖျက်လိုက်ရတာလဲ...ဂတိမတည်နိုင်ရင်စောစောထဲကဘာလို့...လိုက်အိပ်မယ်ပြောသေးလဲ...ကျွန်တော့်ကို အကဲစမ်းနေတာလား ဒါမှမဟုတ်...လှည့်စားနေတာလား ။
ကျွန်တော်က ခင်ဗျား လှည့်စားလို့ရတဲ့ လူစားမျိုးလား...။

ကျိုးယွင်က ဂတိမတည်သော ထိုလူရဲ့ နောက်ကို ဆက်ပြီးမလိုက်တော့ဘဲ အခန်းပေါက်ဝတွင်သာ ရပ်ပြီး ထိုလူ့ကို သတိပေးအနေအထားနဲ့ ကြည့်နေလိုက်သည်။

ရှောင်ဟန်က သူ့ရဲ့ အခန်းထဲကိုသာ ဝင်လာခဲ့လိုက်ပြီးနောက်တွင် ကျိုးယွင်ရဲ့ ခြေသံကို သူနောက်ထပ်မကြားရ၍ အနောက်ကိုတစ်ဖန်ပြန် လှည့်ကြည့်လိုက်သည်။

သူလှည့်ကြည့်လိုက်တော့ ကျိုးယွင်ကအခန်းထဲကို
လိုက်မလာခဲ့ဘဲ အခန်းဝင်ပေါက်ဝမှာသာရပ်ကျန်နေခဲ့ပြီး သူ့ကို နားလည်ရခက်တဲ့ မျက်ဝန်းများဖြင့်ကြည့်နေလေသည်။ဒီကလေးက... သူ့ကို စိတ်ဆိုးသွားတာလား...ချက်ချင်းကြီးလေ...

ရှောင်ဟန် က တမင်သက်သက်ကို ကျိုးယွင်ရဲ့ အခန်းကို မဝင်ဘဲ ကိုယ့်ရဲ့အခန်းကိုသာအရင် ဝင်ခဲ့လိုက်တာဖြစ်သည်။

အကြောင်းအရင်းက သူ ကျိုးယွင်ရဲ့ အခန်းမှာ လိုက်အိပ်ရမှာကို စိတ်ထဲထင့်နေမိတာကြောင့်ဖြစ်သည်။
ကျိုးယွင်ရဲ့ အခန်းက နေရာတိုင်းကအနက်ရောင်တွေကြီးပဲ ဖြစ်နေတာကြောင့် သူအိပ်ရတာအဆင်မပြေဘူး...စိတ်ကျဉ်းကြပ်တာထက် ရှောင်ဟန်က အမှောင်ကြောက်၍ ဖြစ်သည်။ ပြောလို့မရဘူးလေ...အားယွင်က မီးမှိတ်ပြီး အိပ်ရင် ဘယ်လို လုပ်မလဲ...ဒါကြီးက သူနဲ့ တကယ်ကို အဆင်မပြေဘူး...

အရူးညီလေးကမွေးစားအစ်ကိုကိုသိမ်းပိုက်ဖို့ လိမ္မာချင်ယောင်ဆောင်နေတယ်[Ongoing]Where stories live. Discover now