အပိုင်း၁၀

12.2K 1K 27
                                    

Unicode

ရှောင်ဟန်သည် မိမိ ၏မြင်လွှာဘေးပတ်လည်တွင် မြင်တွေ့နေရသော အဖြူရောင် အငွေ့များမှုံမှိုင်းနေသည့် အခိုးအငွေ့ များကို လက်ဖြင့် ကိုင်တွယ် ထိတွေ့ကြည့်မိသည်။ ဒါက အိမ်မက် အရမ်းဆန်လွန်းတယ်လို့ သူထင်တယ်။ထိုအငွေ့လေးများက သူလက်နဲ့ထိတွေ့လိုက်သည်နှင့် အဝေးတစ်နေရာသို့ ပြန့်လွင့်သွားလေ၏။

အခု..သူဘယ်ကို ရောက်နေတာလဲ...သူရောက်နေတဲ့နေရာက အေးချမ်း တိတ်ဆိတ်ပြီး အိမ်မက်ဆန်သည့် အခိုးအငွေ့တွေကြားမှာ... သူမရောက်ဖူးတဲ့...နတ်ပြည်ကဲ့သို့ နေရာမျိုး ဖြစ်ဟန်တူသည်။
ရှောင်ဟန် ဘေးပတ်လည်နေရာအနှံ့ကို စူးစမ်းလိုစိတ်ဖြင့် မျက်ဝန်းတို့ကို ဝေ့ဝဲအကဲခတ်ကြည့်လိုက်တော့ မည် သည့် အရာမှ သိပ်မမြင်ရပေ။ သေချာတာတစ်ခုကတော့ ယခု သူရောက်နေတဲ့နေရာ က သူ့ကို အေးချမ်းမှုမျိုးနဲ့ မရေမရာ ဖြစ်မှုမျိုးပေးစွမ်းနိုင်သည့် နေရာမျိုးဖြစ်မယ်လို့ သူထင်မိသည်။

ရှောင်ဟန် သူတွေးလို့ မဆုံးသေးခင်မှာ ရုတ်တစ်ရက် သူ့ရဲ့ခန္ဓာကိုယ်ဘေးပတ်လည်ကနေ သူ့ကို အသက်ရှု ကြပ်လောက်တဲ့ အထိ တင်းကြပ်မှုမျိုးကို ခံစားလိုက်ရသည်။ ရှောင်ဟန်ရဲ့မျက်နှာက မရေမရာဖြစ်နေသည့် အပြုံးကလေးများပင် ချက်ချင်းပယ်လွင့် သွားရတော့သည်။
ရှောင်ဟန် ချက်ချင်းပဲ သူ့ခန္ဓာကိုယ် ကိုတင်းကြပ်နေအောင်ဖြစ်စေသော ထိုအရာကို ငုံ့ကြည့်လိုက်၏။

သူကကြက်သီးတောင်ထသွားမိသည်။ ထိုအရာက သူအကြောက်ဆုံး သူမတွေ့မြင်ချင်တဲ့ မဟူရာအရောင် အခိုး အငွေ့တွေဖြစ်နေသည်။ ထို အခိုးအငွေ့များက များသည်ထက်များလာပြီး သူ့ရဲ့ကိုယ်ကို အတင်းအကြပ်ကြီးရစ်ပတ်လာတော့သည်။ ရှောင်ဟန် ကြောက်သည့်စိတ်များဖြင့် လွတ်မြှောက်ချင်သည့်စိတ်ဖြင့် ဇောချွေးများပြန်လာရသည်အထိ အတင်းရုန်းကန်နေမိသည်။ သူရုန်းကန်လေ ထိုအရာများက သူ့ကို တင်းကြပ်အောင် ရစ်ပတ်လေ။

ရှောင်ဟန်ရဲ့ မျက်ဝန်းများက ကြောက်စိတ်များကြောင့် မျက်ရည်များစိုစွတ်လာသည်အထိ ၊ ရုန်းကန်နေရလွန်းလို့ သူရဲ့ အသိစိတ်များပင် တဖြည်းဖြည်းဝေဝါးလာသည်အထိ။ ထိုအချိန် မှာပင် သူအကြောက်ဆုံး မဟူရာရောင်အခိုးအငွေ့များက သူ့ကို တစ်နေရာကို ဆွဲချသွားတော့သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now