Chapter 10(uni)

1.4K 215 24
                                    

Chapter 10: Odd Trouble Vs Stomach Cold

T/N- Stomach cold- အစာအိမ်အူရောင်နာ(from google)

Wei Han - ဝေဟန်၊ Qi Zhifan- ချီကျိဖန့်

ယနေ့မနက်မှာတော့ က S universityရဲ့ ဗဟိုဌာနခြဲမွာ အတန်းတက်နေသည်။

ဤအချိန်က ပရော်ဖက်ဆာDing ရဲ့ စုံစမ်းစစ်ဆေးခြင်းလေ့လာသော အတန်းဖြစ်ပြီး အခြားပျင်းစရာကောင်းသည့် အတန်းချိန်များနှင့် ကွာခြားသည်။ အတန်းပြေးဖို့ အသာထား ဘယ္သူကမွ ဖုန်းဆော့တာ၊ အိပ်တာမျိုးပင် မလုပ်ရဲကြပေ။ ပင်ကိုအားဖြင့် လူတိုင်းက မှတ်စုမှတ်ခြင်းအပေါ် အာရုံစိုက်ထားကြသည်။

မေဂျာတိုင်းလိုလိုတွင် နောက်ကွယ်မှာ သူ့ကို အော်ဆဲကြသော ကျောင်းသားများရှိသော်လည်း သူ့ရှေ့ရောက်လျှင် သုံးစက်ကန့်(စက္ကန့်)နေပြီးရင် အားလုံးက ဤမူမမှန်သည့်ပရော်ဖက်ဆာကို ကြောက်ကြသည်။ ရုပ်တည်တည်နှင့်ခက်ထန်သည့် ပရော်ဖက်ဆာDingပုံစံက ဤသို့ဖြစ်သည်။ ထို့အပြင်၊ သူက တက်ကသိုလ်(တက္ကသိုလ်)ဌာနမှူးနှင့် ရုံးခန်းလည်း တူသေးသည်။ သူကသာ ကျောင်းသားတစ်ယောက်ကို ခက်ခဲအောင်လုပ်ချင်လျှင် တကယ္ကို နည်းလမ်းအများကြီး ရှိသည်။

"ဗန်း!''

ရုတ်တရက် အသံအကျယ်ကြီး ထွက်သွားသည်။
အားလုံးက အသက်ရှူမှားသွားပြီး ပရော်ဖက်ဆာ Ding စာအုပ်နှင့် ကြမ်းကြမ်းတမ်းတမ်း ပစ်ပေါက်လိုက်သော တတိယခုံတန်းဖက်ကို ခေါင်းမော့ကြည့်လိုက် ကြသည်။

စားပွဲပေါ်မှာ မှောက်အိပ်နေ့သည့် ကောင်လေး ဖြည်းဖြည်းခြင်း ထလာသည်၊ သူ့ရဲ့ပင်ကိုကောက်နေတဲ့ ဆံပင်အဝါရောင်က အလွန်မျက်စိဖမ်းစားနိုင်တယ်။

ဝေဟန်ချက်ချင်း အဆက်မိသွားသည်: အယ်? ဒီဆံပင်ဝါဝါကောက်ကောက်က၊ သူက..... အဲ့တာကြောင့် အရင်က မြင်ဖူးသလိုဖြစ်တာ မဆန်းပါဘူး။ သူရဲ့ အတန်းဖော် ဖြစ်နေတာကိုး။

"ဒီကကျောင်းသား၊ အိပ်ချင်တယ်ဆိုရင်လည်း အိမ်ပြန်အိပ်!'' ပေရာက္ဖက္ဆာ Dingက မျက်နှာတင်းတင်း၊ ခက္ထန္စြာ အမိန့်ပေးလိုက်သည်။

အဝါရောင်ဆံပင်ကောက်က အိပ်ချင်မူးတူးဖြင့် ထလာပြီး သူအိပ်လို့ဖိုးရိုးဖားယားဖြစ်နေသည့် ဆံပင်ကို ဘာသိဘာသာဆွဲလိုက်သည်၊ လေးလေးတွဲတွဲနှင့် ''အိုး''ဟု အသံထွက်လိုက်ပြီး စာအုပ်တွေသိမ်းလိုက်ကာ တကယ်ကြီး နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်။

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now