Chapter 11(uni)

2.2K 257 25
                                    

Chapter 11: အစ်ကိုကြီး အရမ်းစိတ်တိုနေတယ်၊ ထမင်းခပ်ယောက်ချိုက အရမ်းရက်စက်ပါ၏။

Qi Zhifan က ယောကျာ်းအများကြီး မြင်ဖူးခဲ့ပြီ၊ အထူးသဖြင့် အလှဆုံး၊ အသိမ်မွေ့ဆုံးဆိုသော အရည်အသွေးမြင့်များ အားလုံး ပါဝင်သည်။

ထိုယောကျာ်းများနှင့် ယှဉ်လိုက်လျှင် Wei Han ရဲ့ မျက်လုံးတွေက အဲ့လောက်လည်းမကြီးဘူး၊ ခါးက အဲ့လောက်လည်း မေသးဘူး၊ ဖင်ကလဲ အဲ့လောက်မဆတ်ပါဘူး၊ ဒါပေမဲ့လည်း အဲ့ဒီအချက်တွေနဲ့ဆန့်ကျင်ပြီး သူ့စိတ်ထဲမှာ Wei Han နဲ့ပဲ ပြည့်နေခဲ့တယ်။

Wei Han ရဲ့ မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် ....
အားလုံးက သူ့စိတ်ထဲမှာ စွဲစွဲထင်ထွင်းထုထား သလိုပဲ။ Wei Han ရဲ့ ဆံပင်က အရမ်းပျော့ပြောင်းနူးညံ့တယ်၊ သူ့မျက်လုံးတွေက အရမ်းနက်မှောင်ပြီး တောက်ပတယ်၊ သူ့နှုတ်ခမ်းက နီနီလေး၊ သွားကဖြူဖြူလေး၊ သူ့မျက်နှာပြည့်ပြည့်လေးကလည်း နည်းနည်းညှစ်လိုက်တာနဲ့ ဆွဲဆိတ်လို့ရတယ်၊ ကိုင်လို့လည်းကောင်းတယ် ....သူ့မျက်နှာထားကသာ သိပ်ခေါင်းမမာဘဲ သိမ်မွေ့နေရင် ပိုကောင်းမှာ။

အတွေးတွေထဲ နှစ်ဝင်သွားသလို Qi Zhifan ရဲ့ မျက်လုံးတွေက နက်သထက် နက်လာခဲ့သည်။ သူရေငတ်သလိုလို ခံစားရလာပြီး သူ့ကိုယ်အောက်ပိုင်းကလည်း မခံမရပ်နိုင်အောင် ပူလာသည်။

Fuck, ဒါ Wei Han သူ့ကိုယ်အောက်မှာ လှုပ်စိလှုပ်စိ လုပ်နေခဲ့လို့ ဖြစ်ရတာ၊ ဘယ်လိုတောင် ယွထိုးနေတာလဲ!

မတောင့်ခံနိုင်တော့ဘဲ Qi Zhifan နောက်ဆုံး ရေချိုးခန်းထဲမှာ ရေအေးအေး ပြေးချိုးရတော့သည်။

သူအခန်းထဲပြန်ရောက်လာတော့ ဖုန်းစမြည်လာသည်။ Lu Yan ဆီမွ ဖုန်းကောမှန်း Qi Zhifan တွေ့လိုက်တယ်။ သူခဏ စဉ်းစားပြီး ချက်ချင်းချပစ်လိုက်တယ်။ သူနည်းနည်းတော့ စိတ်တိုနေသေးသည်။

မိနစ်အနည်းငယ်ကြာတော့ Lu Yan က စာတိုပို့လာပေမဲ့ Qi Zhifan ဖွင့်ကြည့်ဖို့ ပျင်းနေတယ်။ သူ့ရဲ့ အာရုံက အပေါ်က ''stomach cold''(အစာအိမ်တုပ်ကွေး) ဆိုတဲ့ အဝင်ဖုန်းခေါ်ဆိုမှုမှတ်တမ်း မွာပဲ ရှိနေသည်။

အိပ်ယာဘေးက အံ့ဆြဲကို အလွယ်တကူဖွင့်ရင်း Qi Zhifan အထဲမွာ ရှိနေတဲ့ အပန်းရောင်ပန်တီကို တွေ့လိုက်သည်၊ ထို့နောက် ''ပိုင်ရှင်ကိုလွမ်းလို့၊ ပစ္စည်းကိုကြည့်'' ခြင်း စလုပ်တော့သည်၊ ထိုပန်တီကလည်း ငြိမ်သက်နေ၏....

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now