Chapter 6(Part 2)

1.3K 178 9
                                    

"သူ့ IQက သာမန်ထက် မြင့်မားနေတဲ့အပြင် သူ့ရုပ်ရည်ဆွဲ
ဆောင်မှုနှုန်းကလည်း ကောင်းကင်ကိုဖောက်ပြီး ထိုးတက်
လို့ရပြီ။'' ဆံပင်ကောက်နှင့် မိန်းကလေးသည် အနည်းငယ်
မျှတော့ အရူးမူးဖြစ်နေသည်။

"ငါတော့ ဒီမျက်နှာရှာတဲ့ လောကကြီးကို စိတ်ကုန်နေပြီ။''

ဆံပင်ကောက်နှင့် မိန်းကလေးက ခေါင်းညိတ်ထောက်ခံ
လိုက်သည် ''ဟုတ်တယ်၊ နင်တွေ့လိမ့်မယ် သူ့မျက်နှာက
ကြည့်ကောင်းတာအပြင်ကို၊ သူ့လက်တွေကလည်းကြည့်
ကောင်းတယ်၊ သူ့ခြေတောက်တွေကလည်း ကြည့်ကောင်း
တယ်၊ သူ့တစ်ကိုယ်လုံးက ကြည့်ကောင်းတယ်ဟာ။''

"....မပြောနဲ့တော့။'' အမဲရောင်ဆံပင်ရှည်နှင့် မိန်းကလေး
လည်း သူနည်းနည်းတော့ငြင်းမရသလို ခံစားရသည်၊
သောကရောက်သလို မခံမရပ်နိုင်ဖြစ်နေသည့် မျက်နှာထား
နှင့် ''ရုပ်ဆိုးတဲ့ လူသားတွေကလည်း အဖေအမေတွေဆီ
ကနေ မွေးလာကြတာပဲလေ။ ငါတို့ကကြတော့ အခွင့်အရေး
ပိတ်ထားရအောင် ဘုရားသခင်က ငါ့တို့အပေါ် မမျှတဘူး။
ငါတို့ဦးနှောက်ကို ပိတ်ထားတဲ့အပြင် ပြတင်းပေါက်ကိုလဲ
အသေပိတ်ထားသေးတယ်!''
(T/N- သူတို့ကြတော့ ရုပ်မချောတဲ့အပြင် ဥာဏ်လဲ
မကောင်းဘူးလို့ ပြောတာထင်တယ်)

"ဒါဆိုငါက သစ်သားတံခါး၊ သစ်သားပြတင်းပေါက်နဲ့ မှောင်
မှောင်မဲမဲ အခန်းထဲကလူ ဖြစ်မယ်ထင်တယ်''

"အိုး၊ ဒါပေမဲ့ ဒီလောကကြီးမှာ အခြားလူတွေ နင့်ထက်ပိုပြီး
အံ့သြစရာကောင်းနေတာက အဆိုးဆုံးမဟုတ်သေးဘူး
အဲ့ဒီအံ့သြစရာကောင်းတဲ့ လူတွေကိုယ်တိုက်ကဘဲ ငါတို့ ထက်ပိုပြီး ကြိုးစားရုန်းကန်ပြိုင်ဆိုင် ကြတယ်ဆိုတာပဲ။''
အမဲရောင်ဆံပင်ရှည်ဖြောင့်ဖြောင့်နှင့် မိန်းကလေးသည်
ခေါင်းရမ်း၍ မနေနိုင်စွာ သက်ပြင်းချလိုက်၏ ။

"အိုး၊ ဒါဆို အဲ့တာကသာ အဓိကအကြောင်းပြချက် ဖြစ်နေခဲ့
ရင် ငါကြိုးစားအားထုတ်နေလဲ အလကားပဲပေါ့။''

"Uh....'' အမဲရောင်ဆံပင်ရှည်ဖြောင့်ဖြောင့်နှင့် မိန်းကလေး
က ဆံပင်ကောက်နှင့် မိန်းကလေးကို လေးကန်စွာဖြင့်
ခေါင်းပုတ်ပေးလိုက်သည်၊ ''ငါရုတ်တရက်သိလိုက်ရတာ
နင်ကလေ ရုပ်ကဆိုး၊ တုံးကတုံး၊ ပြီးတော့ ဆင်းရဲတဲ့အပြင်
ကို ကောင်းတာကလည်း တစ်ချက်လေးမှမရှိဘူး။ အနည်း
ဆုံးတော့ နင့်ရဲ့ ဝေဖန်ပိုင်းခြားမှုက မှန်နေသေးသားပဲ။''

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now