Chapter 4(Part 1)

2.3K 316 20
                                    

Chapter 4(Part 1): အစ်ကိုဖြစ်သူ၏ ပန်းရောင် sexyပန်တီ

Fuck! သူ၏နဖူးပေါ်ရှိ အပြာရောင်အကြောများ ထောင်သွားသည်။
ဝေဟန် ချက်ချင်းပင် လွှတ်ရုန်းထွက်ကာ ပုန်းရှောင်လိုက်သည်။

"အစ်....အစ်ကိုကြီး ကျွန်တော်က 1 ပါဗျ။ ကျွန်တော်လဲ ခင်ဗျားလိုပဲ အခြားလူတွေကို အောက်တွန်းလဲတာ''

နှုတ်ခမ်းမွေးပိစိနှင့် အန်ကယ်၏ မျက်နှာပေါ်တွင် ထူးဆန်းသည့်
အမူအရာမျိုးနှင့် နားထောင်နေသည် ''ဘာရီး မင်းတကယ်ကြီး
1 လား? ဒီဖေဖေ ဘယ်လိုပဲကြည့်ကြည့် မင်းက အဲ့ဖက်နဲ့ တူမနေဘူး''

(TN- သူတို့ဆီမှာ 1(one) က seme, 0(zero)က uke
ဘာလို့လဲဆိုတော့ ရှင်းပါတယ် 1 is stick, 0 is a hole :'3)

ဝေဟန်ကတော့ မျက်ရည်ပင် မထွက်ဘဲ ငိုနေသည်။ သူအပြုံးတစ်ကို အတင်းဖျစ်ညစ် လုပ်ယူလိုက်ပြီး ထိုသူအား
ဖြောင်းဖျရန် ကြိုးစားလိုက်သည် ''ခင်ဗျား လူတစ်ယောက်ကို
အပြင်ပန်းပဲ ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ။ ဒီလိုနေရာမျိုး
အတွက် ခင်ဗျား မျက်နှာကိုပဲ ကြည့်လိုဘယ်ရမလဲ''

မျက်နှာကိုပဲ ကြည့်ရင်တော့ ချီကျိဖန့်ရဲ့ မျက်နှာလှလှလေးနဲ့ဆို
မိနစ်ပိုင်းအတွင်း အခြားလူတွေက ခုန်အုပ်ချင်အောင်
ဖြစ်နေမှာပေါ့။

"ကျစ်, ဒါပေမဲ့ငါက မင်းရဲ့ မျက်နှာလေးကိုမှ သဘောကျနေတယ်။
ဘယ်သူကပိုကြီးလဲ သိရ​အောင် ငါတို့ ညီလေးတွေကို ထုတ်ပြီးတော့
ဘာလို့ မယှဥ့်ကြည့်တာလဲ? အကယ်လို့ မင်းဟာငါ့ထက် မကြီးရင်
တော့ မင်းငါ့ကိုဘဲ ပေးတွန်းလှဲလိုက်တော့''

စကားပြောပြီးသည်နှင့် နှုတ်ခမ်းမွေးပိစိနှင့်အန်ကယ်သည်
ဝေဟန့် ဘောင်းဘီကို ဆွဲချွတ်ဖို့် လုပ်တော့၏ ။

ထိုအခိုက်အတန့် ဝေဟန်၏ ရင်ဘတ်ထဲတွင် ထောင်ချီ​သော မြင်းရူးများ ဖတ်ပြေးသွားသည်။ ငါယိုးတဲ့မှ, ငါဘယ်တုန်းကများ
ဒီဦးလေးရဲ့ မသမာတဲ့အကြည့်နဲ့ ညှိသွားရတာလဲကွာ!

ထိုအခန်းကျယ်ကြီးထဲတွင် ကစားနေကြသော လူအများအပြား
ရှိနေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤသည်က တောင့်တစ်တောင့်
တွင် ကလူနေကြသော ယောကျာ်းများ၏ လှုပ်ရှားမှု သေးသေးလေး
တစ်ခုမျှသာ ဖြစ်သည်။ သိုသော်လည်း ဝေဟန် ပိုပြီးငြင်းဆန်
လေလေ ပိုပြီးပြင်းထန်လေလေနှင့် သူတို့နှစ်ယောက်၏ လှုပ်ရှားမှုသည် ကြီးမားလာပြီး အခြားလူများလည်း တဖြည်းဖြည်း အာရုံစိုက်လာကြသည်။

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now