Chapter 7(uni)

1.8K 271 6
                                    

Chapter 7: ညီအစ္ကိုမ်ားထံမွ ထူးထူးခြားခြား သဝန်တိုမှု တွေ့ရှိခြင်း

အဆုံးမှာတော့ ကြင်နာတတ်တဲ့ မန်နေဂျာအမျိုးသားက ဘယ်သူ့ကိုမှ အလုပ်မထုတ်ခဲ့ပေ။ အဝါရောင်ဆံပင်ကောက်ကိုလည်း ပြန်လည်ဖျောင်းဖျဖို့
စဉ်းစားလိုက်သည်။

ဝေဟန်ရဲ့ အလုပ်စဆင်းတဲ့ပထမဆုံးနေကတော့
အနည်းကျဉ်း ဖျက်စီးခံလိုက်ရသည်။ ဖေယူယန်
ရှက်သလိုလို ခံစားရတာကြောင့် သူ့ကို စားသောက်ဆိုင်တစ်ခုမှာ ညစာစားရန် ဖိတ်လိုက်ပြီး ဝေဟန်ကလည်း ရိုးရိုးလေး သဘောတူလိုက်တယ်။

ဖေယူယန်သည် အသက်၁၆နှစ်ကတည်းကပင်
တစ်ဦးထဲ နေထိုင်ခဲ့ပြီး အပြင်တွင်လည်း အိမ်အများအပြား ရှိသေးသည်။ လက်ရှိမှာတော့ မြို့
အပေါ်ပိုင်း လူနေအိမ်ရာဧရိယာထဲ ခြံဝန်းပါ နှစ်
ထပ်တိုက်အသေးစားလေးတွင် နေထိုင်သည်။

သူဘယ်နေရာမှာနေနေ သူ့ဟွမ်နန်တိဗက် ဝက်
မျိုးသန့်ကလည်း ထိုအိမ်မှာ ရှိနေလိမ့်မည်ပင်။
အဲ့တာရီးက 'အားချီ'ဆိုတဲ့ သူ့ကလေးလေးပါဘဲ။

တစ်ရက်ဖေယူယန် ရုတ်တရက်စိတ်ကူးပေါက်ပြီး
အားချီလို့ခေါ်တဲ့ဟာနဲ့ လမ်းလျှောက်ထွက်တဲ့အချိန် သူ(အားချီ) ကအဝါရောင်ဆံပင်ကောက်ကို
တွေ့တော့ ရုပ်ရှင်ထဲကလို "မြင်မြင်ချင်းချစ်မိ''
သွားတယ်။ ဖေယူယန်လည်း ထိုအချိန်မှစ၍
အဝါရောင်ဆံပင်ကောက်နား ရှုပ်ရှုပ်ယှက်ယှက်
လိုက်ကပ်တော့သည်။

"မင်းမသိလို့ပါကွာ၊ ငါ့အိမ်သားအားချီက အရမ်း
စိတ္ဆတ္တာ၊ သူစိမ်းဆို လုံးဝမကပ်ဘူး။ သခင်
ဖြစ်တဲ့ငါနဲ့တောင် ဆက်ဆံပုံက ပူလိုက်အေးလိုက်
နဲ့။ ဒီလောက်နှစ်တွေအကြာကြီးမှ အားချီက သူ
သေဘာက်တဲ့သူကို ရှာတွေ့သွားတာ၊ အဲ့တာ
ကြောင့် ပင်းဟူလာနေဖို့ ပိုက်ဆံဘယ်လောက်သုံးရသုံးရ ငာသုံးမှာ။''

(T/N- အချစ်တော်ဝက်နဲ့ လမ်းလျှောက်ထွက်နေတဲ့ပုံလေး မြင်ယောင်ကြည့်ကြ*-*)

ဖေယူယန်က လေးလေးနက်နက် ပြောပြနေပေမဲ့
ဝေဟန် နားထောင်ပြီး ပုံမှန်မဟုတ်သည့် မျက်နှာ
ထား ဖြစ်သွားသည် ''မင်းသူ့ကို ''ပင်းဟူ''လို့ မခေါ်လို့ ရမလား? သူမ်ားမွာလဲ နာမည်ရှိတယ်လေ။
မင်းကတော့ ဘာမှန်းမသိပေမဲ့ ''ပင်းဟူ''ဆိုတာ
ခွေးခေါ် နေတာနဲ့တူတယ်။''

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now