Chapter 3

2.8K 371 19
                                    

Chapter 3: ဂေးဘားသို့ စွန့်စားခန်းမှတ်တမ်း

ညီညွှတ်စွာ အတူနေထိုင်ကြရင်း ရက်သတ္တပတ်အဆုံး
ကိုရောက်ပြီဖြစ်သည်။

အပြင်ပန်းမှာတော့ မေမေဝေနဲ့ပါးပါးချီရှေ့မှာ
ဝေဟန်က အစ်ကိုကောင်းတစ်ယောက်ရဲ့အပိုင်းကို
သရုပ်ဆောင်လေသည်။ ဒါပေမဲ့တစ်ကယ်တမ်းတော့
သူ့ညီ​လေးကို ကိုင်တွယ်ရန်ချုပ်ကွက်ကို ဖမ်းဆုပ်ဖို့ ဆုံးဖြတ်
ထားပြီး နှစ်ရက်ကြာ​အောင် ပြင်ဆင်နေလေရဲ့။

ဒီနေ့ညနေခင်းမှာ ချီကျိဖန့် အပြင်သွားတာတွေ့တော့
သူလဲပဲ ချက်ချင်းသူ့နောက်ကို နောက်ယောက်ခံလိုက်ပြီး
စတင်လှုပ်ရှားတော့သည်။

အညိုရောင်ကုတ်ရှည်ကြီး ကိုဝတ်ဆင်ထားပြီး နေကာမျက်
မှန်နှင့်၊ ခေါင်းပေါ်မှာလည်း ဦးထုတ်နှင့် ထို့အပြင်
ချီကျိဖန့်ကို အဝေးကနေလိုက်ဖို့ ကားလည်းယူ(ငှါး)ခဲ့သည်။
(သူ့ကိုယ်သူစုံထောက်လားဘာလား? :") )
ဝေဟန်က သူ့နှုတ်ခမ်းတောင့်ကို ပင့်လိုက်ပြီး သူက
ပုဂ္ဂိုလ်ရေးစုံထောက်ဖြစ်ဖို့ အလားအလာရှိတယ်လို့ ခံစားရ
တယ်၊ နည်းနည်းကြည့်ရတာလန်းတယ်။ (apk: 3)

သူရဲ့ ''အဲ့ကားနောက်လိုက်''ဆိုတဲ့ အပြုအမူကြောင့်
မစ္စတာကားဒရိုက်ဗာက ဖိအားကြီးကြီး ခံစားနေရသည်
"ဟေ့....ဟေ့၊ ကလေး မင်းအသံကို ငါနားထောင်ပြီး
ခန့်မှန်းကြည့်ရတာ မင်းက အသက်သိပ်မကြီးသေဘူးပဲ
တက္ကသိုလ်ကျောင်းသားမလား? မိုက်မဲတဲ့အလုပ်တွေမလုပ်
နဲ့နော်၊ လူလေး''

"........''

ဝေဟန်က ကျေနပ်အားရနေတဲ့အပြုံးနဲ့ ပြုံးလိုက်သည်။
အခြားသူတွေကတော့ သူ့ကိုသက်ငယ်ရာဇဝတ်သားလို့
တွေးနေမှာပဲ၊ ဟီးဟီး။

ကားထဲကထွက်လာပြီးနောက် ချီကျိဖန့်နောက်လိုက်ရင်း
ဝေဟန်ဘားထဲဝင်လိုက်သည်။ သူထိုနေရာကို ဝင်ပြီးမှပဲ
ထိုနေရာက ဂေးဘားမှန်းသိလိုက်သည်။

ခေါင်းကိုက်ချင်စရာ စူးရှတဲ့ အလင်းရောင်တွေနဲ့ နားပေါက်
ထွက်သွားလောက်အောင် ပြင်းထန်သည့် ဂီတသံတွေ
ပြည့်နေသည်။ အနက်ရောင် နက်ကတိုင်တွေ ဝတ်
ဆင်ထားပြီး သိမ်မွေ့တဲ့ရုပ်ရည်ရှိတဲ့ စားပွဲထိုးက ခန့်ညားတဲ့
အရက်စပ်တဲ့သူနနှင့် ကလူကြည်စယ်​နေသည်။
ညှို့အားပြင်းတဲ့ ဝိုင်သောက်နေတဲ့အလှလေးက ထိုဝိုင်
ထက်ပိုပြီး မူးယစ်စေနိုင်သည်။ ဘေးတွင် သပ်သပ်ရပ်ရပ်
ဝတ်ဆင်ထားသည့်ယောကျာ်းတစ်ယောက် , ဝတ်စုံအပြည့်နဲ့
over-confidentဖြစ်နေတဲ့ CEO ထိုင်နေသည်။
ပတ်ဝန်းကျင်လေထုသည် ဟိုလိုလိုဒီလိုလို ရမ္မက်လွှမ်းသည့်
အငွေ့အသက်များနှင့်ပြည့်နေသည်။

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now