Chapter 2

3.4K 394 19
                                    

Chapter 2: ငါ့ညီလေးက ငါ့ရဲ့ရည်းစားလုဖက်

ဝေဟန်သူရဲ့မျက်လုံးတွေကို ရုတ်တရက်ဖွင့်ကြည့်လိုက်
တော့ တစ်လောကလုံးကမှားနေတယ်။

မှန်ရှေ့မှာ သူ့ကိုယ်သူဟိုပွတ်သည်ပွတ်ကြည့်ပြီး
ဝေဟန်ကသူ့ကိုယ်သူအိမ်မက် မက်နေတာမဟုတ်ဘူးဆို
တာကိုအတည်ပြုဖို့ သူ့ပါးကိုနာကျင်လာပြီး ပြုံးဖြဲဖြဲပုံဖြစ်လာ
သည်အထိဆွဲဆိတ်ကြည့်လိုက်သည်။ အံ့ဖွယ်ရာတွေဖြစ်
ပျက်သွားပြီး ဘုရားသခင်ကသူ့ကို ၇နှစ်တာအချိန်ကို
ပြန်ပေးခဲ့တယ်။

"ကျစ်-ကျစ်, ဒီမျက်နှာ, ငါ့ကိုယ်တိုင်ရဲ့ဒီအသက်၂၀အရွယ်
ပုံစံက ကြည့်ရတာ တော်တော်လေး ဖြူပြီး နူးညံ့သိမ်​မွေ့တဲ့ အသွင်ပြင်တွေရှိတာပဲ''

သူ့လည်ပင်းကိုလိမ်ပြီး အနီးကပ်ကြည့်ပြန်သည်။
သူမျက်နှာကကြည့်ရတာ တော်တော်လေးတော့ဆွဲဆောင်မှု
ရှိနေတယ်။ ပြီးနောက် သူ့ခန္ဓာကိုယ်သူအပေါ်အောက်ကြည့်
လိုက်တော့ ခါး၊ တင်းပါးနဲ့ သူ့ခြေသံရှည်တွေ အချိုးအစား
ကလဲမဆိုးဘူး။

ကိုယ့်ကိုကိုယ်ထိတွေ့ခြင်း အပြီးမှာတော့ ဝေဟန်စိတ်သက်
သာရာရသွားသည်။ ''မဆိုးဘူး ၊ မဆိုးဘူး ။ ငါသတုတ်ပြဲ
ဖြစ်လာတဲ့အထိမစားရသေးဘူးပဲ''

ဒီလိုမှမဟုတ်ရင်တော် နောက်ကြရင်သူဝိတ်ပြန်လျော့နေရမှာ
ပြီးတော့သူ့လိုအစာအိမ်ကြီးတဲ့အစားဘုရင်တစ်ယောက်
အတွက်ဝိတ်ချတယ်ဆိုတာ သောက်ရမ်းနာကျင်စရာ
ကောင်းတယ်လေ။ အရင်ဘဝတုန်းကဆိုရင် သူအသက်
ထွက်တော့မလိုတောင်ဖြစ်ခဲ့တာ။

သူတိတ်တဆိတ် လက်သီးဆုပ်ပြီး လေးလေးနက်နက်
ကြိမ်ဆိုလိုက်တယ်: ငါအရင်ဘဝကစားခဲ့သလိုမျိုး ဒီဘဝမှာ
ငါ့ကိုငါ အစာမွန်းသေအောင် ဘယ်တော့မှမစားတာ့ဘူး။
ဒီမျက်နှာလေးကိုလဲ ကောင်းကောင်းထိန်းသိမ်းပြီးတော့
အနှစ်၃၀မှ ရမဲ့ရတနာတွေအပေါ်ပဲ အာရုံမထားတော့ဘူး။
(ဒါက ပိုက်ဆံပဲရှာပြီးကိုယ့်ဘာကိုယ်ဂရုမစိုက်မိတာမျိုး
မလုပ်တော့ဘူးလို့ ပြောချင်တာဖြစ်ပါလိမ့်မယ်)

တံခါး ရုတ်တရက်ပွင့်သွားသည်။ မေမေဝေရဲ့ တောက်ပတဲ့
အပြုံးနဲ့ မျက်နှာထွက်လာပြီး ''ဟန်ဟန် အဆင်သင့်ဖြစ်ပြီ
လား, အမေတို့အခု သွားရတော့မယ်''

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now