Chapter 1(Uni)

6.5K 439 29
                                    

Chapter 1: ကျွဲစာနွားစာလို အမြောက်ဆံလိုဘဝနဲ့ Gongကအရသာရှိတဲ့အစားအစာတွေကိုသစ္စာမဖောက်ဝံ့ပါ

ဖုတ်ပြီးသွားတဲ့ကိတ်မုန့်က အိုဗန်ထဲကပြန်ထွက်လာသည်။
ဆရာကျောက်ကသူ့ကိုက်ခဲနေတဲ့ပုခုံးတွေကို ညစ်လိုက်ပြီး
ဘေးနားက အခြားလူတွေကိုကြည့်လိုက်တယ်။ လူအမ်ားစုက
ခေါင်းတွေငုံ့ပြီး အလုပ်ရှုပ်နေကြသည်။ ဒီရက် မီးဖိုချောင်ရဲ့
အငွေ့အသက်ကအရမ်း ပျင်းစရာကောင်းနေတယ်လို့
သူတွေးနေမိတယ်။

နံရံပေါ်ကနာရီကို ကြည့်လိုက်တော့ နေ့လည်၄နာရီတောင်
ကျော်နေပြီဖြစ်သည်။မသေချာလို့ဆရာကျောက်လဲ
လျှောက်လမ်းတလျှောက်ကိုကြည့်လိုက်တယ်, တွေ့နေကြ
ဆူညံပူညံပုံရိပ်တစ်ခုကိုသူမတွေ့ရတော့ သူစိတ်ထဲက သံသယက ပိုကြီးလာလေသည်။

ဆရာကျောက်ကသူ့ဘေးနားကအလုပ်သင်လေးကို
တစ်တောင်ဆစ်နဲ့တို့ပြီးမေးလိုက်တယ် ''ကံျုးလေး,ဝေဟန်,
အဲ့အရူးလေးရော?''ငါတစ်နေ့လုံးသူ့အရိပ်တောင်မမြင်
ရသေးဘူး။ပုံမှန်ဆိုသူငါ့မျက်စိရှေ့မှာဟိုသွားလိုက်ဒီသွား
လိုက်နဲ့။ ဘာလဲ, သူဒီနေ့မှ အလုပ်လာဖို့အရမ်းပျင်းနေ
တာလား?''

ကျုံးလေးသည် သူ့ကို sensitive ဖြစ်စေတဲ့ ''ဝေဟန်''
ဆိုသော စကား၂လုံးရဲ့ဖမ်းဆုပ်ခြင်းကိုခံလိုက်ရပြီး
ခေါင်းကနေခြေဖဝါးထိ တုန္တက္သြားကာ သူ့ရဲ့အသံကို
နိမ့်ပြီးပြောလိုက်တယ်''ရှူး!ဆရာကျောက်, ခင်ဗျားရဲ့အသံ
ကိုနဲနဲတိုးသင့်တယ်။ သတိထားနော် ခင်းဗျားကို စတိုးမန်နေဂျာမကြားသွားလို့ပေါ့။ ခင်ဗျား အစ်ကိုကြီးဝေ
အကြောင်းထုတ်ပြောလို့မရဘူး။သူက tabooအကြီးစားပဲ။''
(taboo-မပြောသင့်သော၊ အစဖော်မပြောရန်တားမြစ်
ထားခံရသည်)

"အဲ့အရူးလေးက taboo ဖြစ်လာတယ်?" ဆရာကျောက်မှ
ထိုစကားကြားပြီး ကြောင်တောင်တောင်ဖြစ်သွားရသည်။

ကံျုးလေးကသက်ပြင်းချလိုက်သည်။ ''အိုင်းယား, ဆရာ
ကျောက် မနေ့ကစတိုးမှာမှမရှိဘဲ။ ဆရာ မသိတာမဆန်းပါ
ဘူးလေ။ အစ်ကိုကြီးဝေက ကျွန်တော်တို့ ကပ္စီးနဲ
စတိုးမန်နေဂျာရဲ့ နှင်ထုတ်ခံလိုက်ရပြီ။ ၂ယောက်သား
ရဲစခန်းကိုတောင် သွားကြသေးတယ်''

ကိုယ့်ရည်းစားလုဖက်ရဲ့အစ်ကိုဖြစ်ရတာလွယ်မနေဘူးWhere stories live. Discover now