Arc-5.1(The Sun's Tears)

12.6K 1.2K 151
                                    

Zawgyi

"ဒီလူကို ကျွန်တော်တို့ ဘာလုပ်ရမှာလဲ" လို့ လူငယ်တစ်ယောက်အသံကြောင့် ယွမ်နဉ်ချင့် မျက်ခုံးများကြုတ်သွားပြီး ခန္ဓာကိုယ်ကို လှုပ်ရန်ကြိုးစားလိုက်ပေမယ့် သူရဲ့တကိုယ်လုံးဟာ တင်းကြပ်စွာချည်နှောင်ခံထားရပြီး လက်တွေကိုပါ ကြိုးတုပ်ထားရုံမက မျက်လုံးကိုပါ ဖုံးအုပ်ထားမှန်း သိလိုက်ရတော့သည်၊ သူရဲ့တကိုယ်လုံးဟာလည်း ပြင်းထန်သည့်နာကျင်မှုကို ခံစားနေရပြီး သူမှာ ဝင်ဝင်ခြင်း သေပြီလားအောက်မေ့ရသည့် ပြင်းထန်သည့် ကိုယ်တွင်းအဂါင်္နာကျင်မှုနဲ့ခန္ဓာကိုယ်နာကျင်မှုကို ခံစားနေရတော့သည်၊

'ငါဘယ်ရောက်နေတာလဲ Fox'

[Fox: ယွမ်ယွမ်... မျက်လုံးပိတ်ခံထားရလို့တော်သေးတယ်... မဟုတ်ရင် လန့်ဖြန့်ပြီး သေသွားစေနိုင်တယ်၊ကျွန်တော်တို့ ပတ်လည်မှာ လူသေလောင်းတွေကြီးပဲ ပြီးတော့ ယွမ်ယွမ်ကို လူလေးယောက်က ဝိုင်းထားသေးတယ်]လို့ Foxဟာ ပြောရင်း သူနားကပ်လာသည့် ခြေသံတွေကို ကြားနေရသည်၊

"ဒီကောင် နိုးပြီထင်တယ် " လို့ လူတစ်ဦးက သူ့ပါးကို ညှစ်ကိုင်လာတာကြောင့် ယွမ်နဉ်ချင့် မျက်နှာကိုနောက်ဆုတ်ကာ မျက်နှာလွဲပစ်လိုက်သည်၊တဖက်ကနေ ရယ်သံတွေထွက်လာပြီး

"ဒီကောင်က ကျားဆိုးလေးဟ... ငါက အဲ့လိုမျိုးဆို ပိုစိတ်ဝင်စားတယ်" လို့ ပြောရင်း ယွမ်နဉ်ချင့်ဝင်ထားသည့် ကိုယ်ရဲ့ ရင်ဘက်တွေပေါ် လက်တင်လာတာကြောင့် ယွမ်နဉ်ချင့်ကိုယ်ဟာ တချက်လန့်ဖြန့်သွားလို့ တုန်တက်သွားပေမယ့်...

"မင်းရဲ့လက်ကို ဖယ်စမ်း" ယွမ်နဉ်ချင့်ဒေါသထွက်စွာ အော်လိုက်ပေမယ့် ခြောက်သွေ့နေသည့်လည်ချောင်းများကြောင့် သူရဲ့အသံဟာ နည်းနည်းသာကျယ်ရုံရှိပြီး အက်ကွဲနေကာ ပိုမိုသနားချင်စရာကောင်းပြီး အနိုင်ကျင့်ပါလို့ ပြောနေသယောင်ပင်၊

အရှေ့ကလူတွေဟာလည်း လျှာတချက်သပ်လိုက်ပြီး ယွမ်နဉ်ချင့်ရဲ့ကိုယ်ကို အင်္ကျီပေါ်ကနေ ထိတွေ့နေရင်း ပွတ်သပ်လာတော့သည်၊ယွမ်နဉ်ချင့်အံကြိတ်ထားရင်း သူ့လက်များကိုချည်ထားသည့်ကြိုးကို ဖြည်ရန်ကြိုးစားနေပေမယ့် ကြမ်းတမ်းသည့်ကြိုးဟာ သူ့အသားကို တစတစပွတ်သပ်သွားသည့် နာကျင်မှုကိုသာ ခံစားနေရတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now