Arc.2.10(ရှောင်ရမ်ဟွာ)

17.5K 2K 91
                                    


Zawgyi

"ကျွန်တော့်ကို အရှင်ရဲ့ကိုယ်လုပ်တော်အဖြစ် လက်ခံပေးပါ" ရှက်ရွံတဲ့အမူအရာလေးဖြင့် မုကျင်းဝမ်စန်းဟာ ကျင်းလောင်ရှိန်းအား မရင်ဆိုင်ရဲသလို ခေါင်းလေးငုံ့ကာ အဖြေကို စောင့်မျှော်နေတော့သည်၊ ဒါပေမယ့် ဘုရင်ဟာ သူလိုလူမျိုးကို လက်ခံမှာကိုတော့ ယုံကြည်သည်၊ကျင်းလောင်ရှိန်းဟာ သူကိုအထင်သေးစွာကြည့်လိုက်သည်၊အခြားသူများဟာလည်း တိုးတိုးတိတ်တိတ်ပြောနေကျတော့သည်၊ မိဖုရားခေါင်တင်မြောက်ပွဲမှာ ဒီလို အရှက်မရှိ လာပြောရဲတဲ့သူကလဲ ရှိသေးတယ်ပေါ့၊

"နဂါးကနေ ဝက်မွေးတာဆိုတာ အဲ့တာပြောတာပဲနေမယ်...သူအဖေကတော့ သူသားလုပ်ရပ်ကြောင့် မြစ်ဝါမှာမျက်နှာငယ်နေတော့မှာပဲ" လို့ ကြားအောင်ပင် ပြောနေကျသေးသည်၊ဒါပေမယ့် မုကျင်းဝမ်စန်းဟာ ဘာမှမခံစားရပေ၊ သူ ကိုယ်လုပ်တော်ဖြစ်တာနဲ့ ဘုရင်ကို သူဘက်ကိုမြူပြီး လီစုဟုန်ကိုရှင်းမယ်၊ပြီးရင် မိဖုရားခေါင်နေရာကို လုယူမယ်၊အဲ့ချိန်ကျရင် အခုပြောနေတဲ့ပါးစပ်ပေါက်တွေကို သူခြေထောက်ကိုလျက်ခိုင်းမယ်၊သူအကြံနဲ့ သူပျော်ရွှင်နေကာ ဘုရင့်ရဲ့အကြည့်များကိုပင် မမြင်တော့ပေ၊

"လက်ခံလိုက်ပါ အရှင်" ကျင်းလောင်ရှိန်းဟာ ငြင်းမလို့ပဲရှိသေးတယ်၊သူရဲ့ရမ်ဟွာရဲ့စကားကြောင့် ကြောင်အကာ လှည့်ကြည့်လိုက်ပြီး...

"မဖြစ်နိုင်တာ...ချစ်ဇနီးရဲ့မင်္ဂလာနေ့ရက်နေ့မှာ ဒီလိုအရှုပ်ထုပ်တွေကို ကိုယ်ခေါ်မသွင်းချင်ဘူး!" ကျင်းလောင်ရှိန်းဟာလည်း မျက်မှောင်ကြုတ်ကာ ပြန်ငြင်းနေသည်၊ လေသံနည်းနည်းမာသွားတာကြောင့် ရမ်ဟွာရဲ့မျက်နှာလေးဟာ ညှိုးနွမ်းသွားပြီး ခေါင်းလေးငုံ့သွားကာ အင်္ကျီစကို တင်းကြပ်စွာ ကိုင်ထားပြီး ငြိမ်သက်သွားတော့သည်၊

ကျင်းလောင်ရှိန်းလဲ သူရဲ့အမှားကြောင့် ရှောင်ရမ်ဟွာနား တိုးကာ လက်လေးကို ဆွဲယူကာ ဆုပ်ကိုင်လိုက်ပြီး

"ကိုယ် တောင်းပန်ပါတယ်နော် ချစ်ဇနီးလေး"

ရမ်ဟွာဟာ ခေါင်းလေးခါလိုက်ပြီး "အရှင့်အမှားမဟုတ်ပါဘူး"
ပြောလိုက်သည်၊ဒါပေမယ့် ကျင်းလောင်ရှိန်းကိုတော့ ပြန်မကြည့်ပေ၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now