Arc-6.8(နန်းကျအရှင်ကြင်ယာတော်)

4K 617 7
                                    

Zawgyi

နောက်တစ်နေ့ ညီလာခံရောက်ချိန်မှာ လူအတော်များများ တက်ရောက်နေပြီး ဘုရင့်ပုလ္လင်မှာတော့ ထျန်းမင်ဟာထိုင်နေပြီး တစ်ဆင့်နိမ့်တဲ့နေရာမှာတော့ လျန်ဘုရင်မင်းမြတ်နဲ့မိဖုရားခေါင်ရှိနေပြီး မင်းသားတွေနဲ့အခြားမှူးမတ်တွေကတော့ ဘယ်၊ညာခွဲကာ ရပ်နေကြတော့သည်၊

ထိုချိန်မှာ လျန်လျန့်ထိုက်က ရှေ့ကို တက်လာပြီး အရိုအသေပေးလိုက်ပြီး

"ကျွန်တော်မျိုးက ထျန်းဧကရာဇ်ကို လျှောက်တင်ချင်တာ ရှိပါတယ်ဗျ" လို့ပြောလာချိန်မှာ ထျန်းမင်ရဲ့အကြည့်တွေက လျန်လျန့်ထိုက်ပေါ်ရောက်လာတော့သည်၊ အမတ်ကြီးတစ်ဦးရဲ့ညာဘက်မှာ ရပ်နေတဲ့ချင်းယုယောင်ကလည်း လှောင်ပြုံးပြုံးသွားတော့သည်၊

"ပြောစေ" ထျန်းမင်ဟာ ချင်းယုယောင်ရဲ့အမူအရာကိုကြည့်ရင်း သူ့ဇနီးလေးစိတ်ချမ်းသာဖို့ ထိုအရူးတစ်သိုက်တွေနဲ့ကစားပေးဖို့ ဆုံးဖြတ်ချက်ချလိုက်သည်၊

"အရှင့်ရဲ့ကြင်ယာတော်နေရာအတွက် ပြန်လည်စဉ်းစားတော်မူပါဗျ" လျန်လျန့်ထိုက်ရဲ့စကားကြောင့် ညီလာခံထဲရှိလူများတိတ်ဆိတ်သွားတော့သည်၊ အိမ်ရှေ့စံမင်းသားက ရူးသွားပြီလားဆိုတဲ့အကြည့်နဲ့ပင် တစ်ချို့က ကြည့်လာတော့သည်၊

"အရှင်မင်းသားက ကျွန်တော့်ကို ကြင်ယာတော်နေရာနဲ့ မထိုက်တန်ဘူးလို့ တွေးနေတာလား" ချင်းယုယောင်ကလည်း ရှေ့ကိုထွက်လာကာမေးလိုက်သည်၊သူ့ဘေးရှိအမတ်ကြီးကလည်း လျန်လျန့်ထိုက်ကို စူးစိုက်စွာကြည့်နေတော့သည်၊

"အိမ်ရှေ့စံမင်းသားက ကျွန်တော်မျိုးရဲ့သားနေရာမှာ ဘယ်သူ့ကိုများ စီစဉ်ချင်လို့လဲ... ဒါက ကလေးကစားစရာကိစ္စရပ်မဟုတ်ဘူးနော်"

လျန်လျန့်ထိုက်ဟာ ထိုအမတ်ကြီးကို တင်းမာစွာကြည့်လိုက်သည်၊ထို့နောက်မှာတော့ သူဟာ ထျန်းမင်ကိုကြည့်လိုက်ပြီး ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်သည်၊

"ကျွန်တော်တို့တိုင်းပြည်မှာ 'ကော'တစ်ယောက်တတ်သင့်သည့်ပညာတွေကို သူမတူအောင်ထူးချွန်တတ်မြောက်တဲ့သူရှိပါတယ်...ချင်းယုယောင်က ရုပ်ရည်ချောမောတာကလွဲ၍ မည်သည့်ဘက်စုံထူးချွန်မှုမှ မရှိဘူး...ဒါကြောင့်​ ထျန်းဧကရာဇ်အနေနဲ့ ​ကြင်ယာတော်နေရာကို ပြန်လည်စဉ်းစားတွေးတောဆင်ခြင်ပေးပါခင်ဗျာ"

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now