Arc.2.5(တော်ဝင်ပြည့်တန်ဆာ)

21.9K 2.1K 78
                                    


Zawgyi

"မယ်မယ် မင်းကြီးကြွလာတယ်"

ကျင်းလောင်ရှိန်းဟာ အနီရောင်ဝတ်ရုံပေါ်မှာ ရွှေရောင်နဂါးကနုတ်ထိုးထားတဲ့ဝတ်ရုံကို ဝတ်ဆင်ထားကာ အပြုံးများဟာ မိဖုရားနောက်က ကောင်လေးကိုသာကြည့်ပြီး ဝင်လာတော့သည်၊ မိဖုရားခေါင်ဟာ အံ့အားသင့်သွားကာ သူမရဲ့မျက်ဝန်းဟာ အနောက်ဘက်ရှိ တယောက်ဆီသာ

"ကျန်းကော... " ကျန်းကောဖေ့ဟာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူရဲ့နာမည်ကို ခေါ်တာကြားတော့ သူအားလွမ်းဆွတ်နေတဲ့အကြည့်နဲ့ကြည့်နေတဲ့ ကျင်းဟွာရင်းအား ကြည့်ကာ ပြုံးပြလိုက်သည်၊အပြုံးကတော့အသက်မပါပေမဲ့လို့ပေါ့၊

အထိန်းတော်ကြီး:အရှင်နဲ့မယ်မယ်.... ဆိုင်သူကိုပဲကြည့်နေကျတော့တာပဲ..

'ကြည့်ရတာ ကျန်းကောဖေ့နဲ့ကျင်းဟွာရင်းက တခုခု ပတ်သတ်နေသလိုပဲ....အာ ဘယ်လိုပြောရမလဲ ကွဲသွားတဲ့ ငယ်ချစ်ဦးနဲ့ပြန်တွေ့သလိုပေါ့'

[Fox:ဟုတ်လောက်တယ်]
'မင်း မသိဘူးလား'

[Fox: ဒုတိယဇာတ်လိုက်ဖြစ်နေတာကြောင့် အဲ့လောက်ထိ ဝင်မကြည့်နိုင§်ဘူး ...]

'ကျင်းဟွာရင်းကကော'

[Fox: သူမကလဲ ဗီလိန်...တီ...တီ...တီ]

'.....' အဲ့လောက်အကွာအဝေးရောက်တာနဲ့ စပြီးအဆက်အသွယ်ပြတ်တယ်ပေါ့!ဘာမှလဲ သုံးစားမရတဲ့အပြင် ဆက်သွယ်ရေးတိုင်ကလည်း အသုံးမကျချက်!!!!

Fox:..... မှောင်ခိုSystemလေ ၊အဆင့်လဲနိမ့်သေးတယ်လေ၊ခင်ဗျားလူကြီးကိုက lvlမြှင့်နေတာလေ.၊ဘာလို့ ကျွန်တော့်ပဲ ခဏခဏနိမ်နေရတာလဲ...သူမှာ မျက်နှာပေါ်လို့ကတော့ နှပ်ချေးတွဲလောင်းနဲ့ငိုယိုနေတဲ့မြေခွေးလေးတကောင်ကို မြင်နေရမှာသေချာသည်၊အခုတော့ မြင်သာမြင် မကြင်ရသလို...ကြည့်တာကြည့်နေရတော့သည်၊

"လာ ထိုင်လေ အကိုတော် ပြီးတော့ ကျန်းကော..."ကျင်းဟွာရင်းက အထဲကိုခေါ်လိုက်သည်၊အနောက်က နောက်ထပ်တယောက်ကိုမြင်ပေမယ့်၊ ဟွာရင်းကစိတ်မဝင်စားပေ၊သူမမျက်စိထဲ ကျန်းကောဖေ့ပဲမြင်သည်၊သူမအကိုတော်တောင် အခြားသူတွေရိပ်မိမှာကြောင့် ခေါ်ခြင်းဖြစ်သည်၊ သူမဟာ ကျန်းကောရှေ့ လက်ဖက်ရည်ခွက်လေးချပေးလိုက်သည်၊လုံးလုံးလျားလျား အခြားသူတွေကို လျစ်လျူရှုပြီးတော့ပေါ့၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now