Arc.2.8(တော်ဝင်ပြည့်တန်ဆာ)

19.5K 2.2K 42
                                    

Long time no see

Zawgyi

ထိုနေ့က ဘုရင်ဟာ တော်ဝင်ပြည့်တန်ဆာရှောင်ကို ညီလာခံကို ခေါ်သွင်းလာတာကြောင့် အမတ်များဟာ ကန့်ကွက်ပြောဆိုကျတော့သည်၊ ဒါပေမယ့် တော်ဝင်ပြည့်တန်ဆာရှောင်ရဲ့ စကားတခွန်းကြောင့် အမတ်ကြီးတွေသာမက အခြားသူများလည်း တိတ်ဆိတ်သွားကျပြီး လီစုဟုန်ပင် အံ့သြသွားတော့သည်၊ ဒါပေါ့ ရှောင်ရမ်ဟွာရဲ့ကိုယ်ထဲက ဝိညာဉ်က စီးပွားရေးဧကရာဇ်တပါးလေ၊ဒီလိုရှေးကျတဲ့နေရာမှာ သာမန် စီးပွာရေးနည်းလမ်းလေးတခု ပြောလိုက်တာနဲ့ အမတ်တွေအကုန် ဆွံအကုန်တာ မဆန်းပါဘူး၊

ကျင်းလောင်ရှိန်းကတော့ သူချစ်ရသူလေးကို ရင်ခွင်ထဲ ထည့်ထားလိုက်ကာ ဆွံအနေတဲ့ အမတ်တွေကို ပြုံးကာကြည့်နေတော့သည်၊လီစုဟုန်ဟာ ရမ်ဟွာကို မသင်္ကာကြည့်နေသည်၊ဘာလို့လဲဆိုတော့ ရမ်ဟွာပြောတဲ့ စီပွားရေးဆိုတာ ဘာလို့သူတို့ဆီက နည်းလမ်းနဲ့ဆင်နေတာလဲ၊ ဒါပေမယ့် သူရဲ့Systemပြောတာကတော့ ဒီကမ္ဘာမှာ အချိန်ကူးပြောင်းလာတဲ့သူလည်း မရှိဘူးလေ၊ ငါ့စိတ်ထင်နေတာပဲလား၊ ဒါပေမယ့် သူရှေ့တွင် သာယာနေတဲ့အတွဲကို မြင်တော့ မနာလိုအူတိုနေမိသည်၊ဘာကြောင့်လဲ၊ ဇာတ်လိုက်မပေါ်လာမှ ကျင်းလောင်ရှိန်းက ရှောင်ရမ်ဟွာကို စွန့်ပစ်မှာလား၊ ငါလုပ်တာတွေက ဘာလို့ အကျိုးမဝင်သေးရတာလဲ၊

"ကျင်းကော မကြာခင် စတော့မဲ့ စစ်ပွဲမှာ စုဟုန်ကို ဦးဆောင်ခွင့်ပေးပါ"

လီစုဟုန်ဟာ လက်သီးဆုပ်အရိုအသေပေးကာ တောင်းဆိုလိုက်သည်၊သူအထင်တော့ ဒီလိုသေးငယ်တဲ့ကမ္ဘာမျိုးမှာ ဘုရင်ဖြစ်နေတဲ့လူတယောက်ကို ဒူးထောက်ခစားရန်မလိုချေ၊ ပြီးတော့ ဒီကမ္ဘာက ရှေးကျတဲ့ခေတ်ဖြစ်တာကြောင့် သူလို ခေတ်သစ်က လာတဲ့သူက ပိုမြင့်မြတ်ပြီး ပိုထက်မြက်တဲ့လူလေ၊ ဒါကြောင့် ဒီစစ်ပွဲကို အေးဆေးဦးဆောင်နိုင်ရန်လည်း ယုံကြည်မူအပြည့်အဝရှိသည်၊

"လီအမတ်ကြီး မင်းရဲ့သားက ငါကိုယ်တော် နည်းနည်းလေးအရေးပေးမိတာနဲ့ ဒီလိုတွေ ဝင်ပါမိနေပြီပေါ့! ဘုရင်တပါးကို ရင်းရင်းနှီးနှီးခေါ်ဆိုဖို့ ဘယ်သူသင်ပေးထားတာလဲ" ကျင်းလောင်ရှိန်းဟာ လီစုဟုန်ရဲ့အဖေ အမတ်လီကို တိုက်ရိုက်ဆူငေါက်ပြောဆိုလိုက်တော့ လီအမတ်ကြီးလည်း ကြောက်ရွံ့စွာ ဒူးထောက်ပြီး တောင်းပန်တော့သည်၊သူသားကိုလည်း ပုခုံးကနေ ဖိချကာ အတူတောင်းပန်ခိုင်းလိုက်သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now