Arc-6.6(နန်းကျအရှင်ကြင်ယာတော်)

4.2K 596 4
                                    

Zawgyi

ထျန်းမင်ဟာ ဘုရင်မင်းမြတ်နဲ့ဧကရီသာဝင်ရောက်နိုင်တဲ့တော်ဝင်ဥယျာဉ်​ဆီကို ချင်းယုယောင်ကို ခေါ်ဆောင်သွားတော့သည်၊အခြားဥယျာဉ်တွေနဲ့ယှဉ်ရင် ဆီနဲ့ရေ ကွာခြားသလိုမျိုးပင်၊

"ယုယောင် မင်းလည်း လက်ထပ်ထိမ်းမြားတဲ့သတင်းကို ကြားပြီးပြီထင်တယ်" ထျန်းမင်ဟာ ချင်းယုယောင်ရဲ့လက်တွေကို ဆုပ်ကိုင်ထားရင်း မေးလိုက်သည်၊ချင်းယုယောင်ဟာ ထျန်းမင် သူ့ကိုတစ်ခုခုပြောချင်မှန်းသိပေမယ့် ဒီကိစ္စမှန်းသိတော့ ရယ်ရခက်၊ငိုရခက်ဖြစ်သွားတော့သည်၊

အရင်ချင်းယုယောင်ဟာ လျန်လျန့်ထိုက်ကို ချစ်ခဲ့ပေမယ့် လက်ရှိချင်းယုယောင်က နည်းနည်းလေးတောင် မချစ်ပေ၊ဒါကြောင့် ထိုနှစ်ယောက်သတင်းကို ကြားတော့ သူ့စိတ်ထဲ ဘာမှမခံစားရပေ၊

"ခင်ဗျားပြောတာက လျန်အိမ်ရှေ့စံမင်းသားနဲ့သခင်လေးပိုင်ချန်ရုန်တို့ကိုလား" ချင်းယုယောင်စကားကြောင့် ထျန်းမင်ဟာ ခေါင်းညိတ်လိုက်သည်၊ထျန်းမင်ဟာ ချင်းယုယောင်အကြောင်းကို စုံစမ်းခဲ့တာကြောင့် လျန်လျန့်ထိုက်နဲ့ချင်းယုယောင်အကြောင်းကို သိထားသည်မလား၊ဒါကြောင့် လျန်ဘုရင်မင်းမြတ်ကို လျန်လျန့်ထိုက်နဲ့ မကင်းမရှင်းဖြစ်နေတဲ့အမတ်ကြီးသားပိုင်ချန်ရုန်ကို အမြန်ဆုံးလက်ထပ်ထိမ်းမြားထားလိုက်ခြင်းဖြစ်သည်၊

ထျန်းမင်ဟာ သူ့ရဲ့လုပ်ရပ်က တကိုယ်ကောင်းဆန်ရင်တောင် ချင်းယုယောင်က သူ့အပိုင်ဖြစ်တာကြောင့် အပြစ်ရှိသလို မခံစားရပေ၊ဒါပေမယ့် သူ့လုပ်ရပ်ကြောင့် ချင်းယုယောင် ဝမ်းနည်းမည်ကိုတော့ မလိုချင်ပေ၊

"ကိုယ်ကြားတာ...သူတို့နှစ်ယောက်က အစတည်းက မကင်းမရှင်းဆက်ဆံရေးရှိတယ်တဲ့ အခုတော့ လူလယ်ခေါင်မှာ ပေါ်တင်တောင် ချပြနေပြီပဲလေ... လျန်လျန့်ထိုက်က ယုယောင်နဲ့စေ့စပ်ပွဲပျက်ပျက်ချင်း သူ့ရဲ့ခမည်းတော်ဆီသွားပြီးတော့ ပိုင်ချန်ရုန်နဲ့လက်ထပ်ချင်ကြောင်း ပြောတယ်လို့ ကိုယ်သတင်းရခဲ့တယ်..." ထျန်းမင်ဟာ ချင်းယုယောင်ကိုစိုက်ကြည့်ရင်း လိမ်လည်ပြောဆိုလိုက်သည်၊လျန်လျန့်ထိုက်ပေါ်ထားရှိခဲ့တဲ့ချင်းယုယောင်ရဲ့မေတ္တာတွေကို ပျက်စီးသွားချင်သည်၊ချင်းယုယောင် သူတစ်ယောက်တည်းကိုသာ ကြည့်နေချင်သည်၊ခေါင်းထဲမှာ သူ(ထျန်းမင်)ကိုသာ တွေးနေချင်သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now