Arc.2.13 - End (ရှောင်ရမ်ဟွာ)

19.5K 2.2K 112
                                    

Zawgyi

"မဖြစ်နိုင်တာ အဲ့ပြည့်တန်ဆာကောင်ဆီမှာ ကိုယ်ဝန်ရှိနေတယ်!!"

လီစုဟုန်ဟာ ရှောင်ရမ်ဟွာပြေးထွက်သွားတာ မြင်လိုက်တော့ သူပါ အနောက်ကလိုက်သွားရင်း ကျင်းဟွာရင်း ပြောနေတာကို ကြားပြီး အံ့အားသင့်သွားတော့သည်၊မဟုတ်ဘူး အချက်အလက်တွေအတိုင်းဆို... နေဦး ဒီကမ္ဘာကိုယ် ပိုင်ရှင် ရှောင်ရမ်ဟွာ မသေခင်က သေခဲ့တာဆိုတော့ ဒီအကြောင်းတွေသိမှာမဟုတ်ပေ၊ Systemကို အကူညီတောင်းကာ ဇာတ်လိုက်မရဲ့မှတ်ဥာဏ်ကနေ ဝင်ကြည့်လိုက်တော့....

ရှောင်ရမ်ဟွာရဲ့မျိုးနွယ်က ယောကျာ်းလေးအချို့ဟာ ကလေးမွေးဖွားနိုင်တယ်၊သူတို့က အရမ်းလှပတာကြောင့် မသမာသူတွေရဲ့ဖမ်းဆီးမှုတွေကြောင့် တဖြေးဖြေး မျိုးတုန်းလာပြီး ရှောင်လုံရန်ဆိုတဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့ယောကျာ်းပျိုနဲ့ ရှောင်ရမ်ဟွာရဲ့အမေက ချစ်ကြိုက်နှစ်သက်ပြီး ရှောင်ရမ်ဟွာကို မွေးဖွားခဲ့သည်၊ရမ်ဟွာဟာ နောက်ဆုံး ထိုမျိုးနွယ်ရဲ့မျိုးစပ်ဖြသည်၊ ဒါကို မုကျင်းဝမ်စန်းဟာ သိပြီး တကယ်လို့ သူထက်လှပတဲ့ရှောင်ရမ်ဟွာသာ ဘုရင့်ရဲ့ရင်သွေးရှိတာ ဘုရင်သိသွားခဲ့ရင် သူနေရာကိုစိုးရိမ်ကာ လုပ်ကြံခဲ့ခြင်းဖြစ်သည်၊ ရှောင်ရမ်ဟွာ မသေခင်မှာ ကိုယ်ဝန်ပျက်ကျခဲ့သေးသည်၊ဒါကိုဇာတ်လိုက်မက လွဲ၍ဘယ်သူမှမသိခဲ့ပေ.....

'ဒီကောင်က ပြည့်တန်ဆာဖြစ်ရုံမက စိတ်ပျက်စရာတွေလည်း မွေးထုတ်ပေးနိုင်တဲ့ ရွံစရာကောင်ပဲ'
တကယ်လို့ ဘုရင်သာ ရှောင်ရမ်ဟွာမှာ ကိုယ်ဝန်ရှိသာ သိခဲ့ရင် သူချဉ်းကပ်ဖို့ပိုခက်ခဲသွားလိမ့်မည်၊ လီစုဟုန်ဟာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရှောင်ရမ်ဟွာကိုမုန်းတီးစွာကြည့်လိုက်သည်၊ဒီပြည့်တန်ဆာကောင်ကြောင့် သူရဲ့အစီအစဉ်တွေဟာ အလွဲလွဲအချော်ချော်ဖြစ်နေတာ၊ သူဟာ ကျင်းဟွာရင်းနဲ့ရှောင်ရမ်ဟွာတို့ဆီကထွက်လာကာ ကိုယ်လုပ်ဆောင်ဘက်ကို ဦးတည်သွားတော့သည်၊

"စုဟုန် "

"ဝမ်စန်း ငါတို့ မြန်မြန် ရှောင်ရမ်ဟွာကို ရှင်းပစ်မှဖြစ်မယ်"
ရှောင်ရမ်ဟွာနာမည်ကြားတာနဲ့ မုကျင်းဝမ်စန်းရဲ့မျက်နှာ မုန်တီးမှုများပြည့်နှက်သွားကာ

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now