Arc-5.16(The sun's tears)

5.2K 819 36
                                    

Zawgyi

ရိုက်စ်ဆီကနေ အန်ဒီတစ်ယောက် မနဲရုန်းကန်ကာ ထွက်ပြေးလာရသည်၊မဟုတ်ရင် အစ်ကိုတော်ဟာ သူ့ကို နမ်းရုံနဲ့ကျေနပ်လိမ့်မည်မဟုတ်ပေ၊

အန်ဒီ သူရဲ့အနည်းငယ်ဖူးယောင်နေတဲ့နူတ်ခမ်းကိုကိုင်လိုက်ပြီး ရိုက်စ်ကို ကျိန်ဆဲလိုက်ပြီးနောက်မှာ လက်ကိုင်ဖုန်းကို ထုတ်ကာ ကားဒရိုင်ဘာကို လာကြိုရန် အမိန့်ပေးလိုက်သည်၊ထိုနောက်မှာတော့ သူဟာ အပြင်ကို ထွက်လာတော့သည်၊

"အန်ဒီ!" သူ့နာမည်ခေါ်တာ ရောက်လာသည့်လူကို အန်ဒီကြည့်လိုက်ပြီး ပြန်ပြုံးပြလိုက်ပြီး "ဟယ်လို မစ္စတာရောဘတ်" လို့ ပြောကာ တစ်ဖက်က ကမ်းလာသည့်လက်ကို ပြန်လက်ဆွဲနူတ်ဆက်လိုက်ချိန်မှာ အန်ဒီဟာ မျက်မှောင်ကြုတ်သွားတော့သည်၊ဘာလို့လဲဆိုတော့ ရောဘတ်ကိုယ်ထဲကနေ သေးငယ်တဲ့ရွှေရောင်အမျှင်များဟာ ထွက်လာပြီးလက်စွပ်ထဲကို ဝင်ရောက်သွားတော့သည်၊

ထိုနောက်မှာတော့ ရောဘတ်ပုံစံဟာ ထူးဆန်းသွားတော့သည်၊အနည်းငယ်အေးတိအေးစက်ဆန်သွားပြီး အန်ဒီကိုစိုက်ကြည့်နေခဲ့ပြီး အန်ဒီကလည်း ပြန်လည်စိုက်ကြည့်လိုက်သည်၊ပါတီမှာ ရောဘတ်ကို စတွေ့တုန်းက ရင်းနှီးသည့်အငွေ့အသက်တွေကို ခံစားမိပေမယ့် ယခုချိန်မှာတော့ စိမ်းသက်သက်ပင်၊ရှေ့ရှိလူဟာ သူနဲ့ဘာမှပတ်သတ်မှုမရှိပေ၊

"သွားခွင့်ပြုပါဦး" ရောဘတ်ကလည်း ဘာလို့ဒီလူငယ်နဲ့ပတ်သတ်ချင်နေခဲ့လည်း စဉ်းစားမရပေမယ့် ယခုမှာတော့ သူဟာ စိတ်ဝင်စားမှုမရှိတော့ပဲ လွတ်လပ်သွားသလိုခံစားနေရသည်၊ပထမတုန်းက တစ်ယောက်ယောက်ဟာ သူ့ကိုချုပ်ထိန်းထားသလိုပင်၊

အန်ဒီဟာ သူရဲ့လက်စွပ်ကိုကြည့်လိုက်ပြီးနောက်မှာ မျက်ဝန်းအရောင်ဟာ လက်သွားတော့သည်၊Foxပြောခဲ့တဲ့လှည့်ကွက်ဆိုတာ...

'ဟားဟား' အန်ဒီစိတ်ထဲကနေ လှောင်ရယ်မိလိုက်ပေမယ့် ရိုက်စ်ဟာမှ သူ့ချစ်သူအမှန်ဆိုတာ သေချာသိပေမယ့် နေသန်နဲ့ဂျွန်းကရော၊သူတို့ဆီမှာ ဒီလက်စွပ်က တုန့်ပြန်မှုရှိမရှိ သူသိချင်မိသည်၊

တကယ်လို့ သူ့အတွေး​တွေသာ မှန်ကန်ခဲ့ရင် တစ်ဖက်ကနတ်ဘုရားဖြစ်နေရင် တစ်နေ့ရအောင် သူပြန်ကလဲ့စားချေမှာ အမှန်ပေ၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now