အခန်း ၂

5.3K 459 30
                                    

Unicode

အခန်း(၂)

နေရောင်ခြည်ခပ်စူးစူးကအခန်းထဲဝင်လာတာကြောင့် ရိပေါ်မျက်လုံးအစုံကိုဖွင့်ကြည့်မိသည်။ ညက အကိုနဲ့အတူတူစာလုပ်ရင်း ကုတင်ပေါ်ဘယ်လိုရောက်လာမှန်း သူမသိပါ။

"နိုးပြီလားခဏအိပ်ဦးလေကျောင်းပိတ်ရက်ကို"

"အကိုနိုးသွားတာလား"

ရိပေါ်ရဲ့လှုပ်ရှားမှုကြောင့်ထင်သည် ။ သူ့ဘေးအိပ်နေသည့်အကိုဟာ နိုးလာပြီး သူ့ကိုပြန်လှဲစေသည်။

"အရမ်းမဖက်နဲ့အကို"

"ရိပေါ်လေးကမကြိုက်ဘူးလား"

"ကြိုက်ပေမယ့်အသက်ရှူကြပ်လို့"

အကိုက ခပ်တိုးတိုးရယ်ပြီး သူ့လည်ပင်းနားကို နှုတ်ခမ်းတွေနဲ့ ထိတွေ့လာသည်။

"တောင်းပန်ပါတယ် မလုပ်ပါနဲ့အကို"

"ကိုယ့်ကောင်လေးပဲဘာဖြစ်လဲ ရှက်မနေပါနဲ့"

ထပ်တိုးပြီးဖက်ကာ နှုတ်ခမ်းတွေနဲ့ လိုက်စနေသည့်အကို့ကြောင့် ရိပေါ်မျက်လုံးထဲ တစ်ချိန်ကအဖြစ်အပျက်တွေက အစီအရီပေါ်လာခဲ့၏။

"တောင်းပန်ပါတယ် မလုပ်ပါနဲ့ အကိုရယ်"

"ရိပေါ် ?"

သူထိတ်လန့်စွာ ငိုမိတော့အကိုက သူ့ကိုယ်လေးကို ဆွဲလှည့်သည်။

"မငိုနဲ့တော့လေ ကိုယ်ဘာမှမလုပ်တော့ဘူး"

"ကျွန်တော်တောင်းပန်ပါတယ်နော်အကို မဖြစ်ဘူး ဟင့်အင်း မဖြစ်သေးလို့ပါ"

"အင်းပါ ကိုယ်လောသွားတယ်ကလေး ဘာမှမလုပ်ဘူးနော်ပြန်အိပ်ဦးမလား"

"မအိပ်တော့ဘူးအကို ကျွန်တော်ရေချိုးမှာမို့လို့ အကိုအိပ်ချင်ရင်အိပ်ပါ"

ရိပေါ် အကို့ကိုမျက်နှာချင်းဆိုင်ရမှာ အဆင်မပြေသေး၍ ရေချိုးဖို့ဆုံးဖြတ်လိုက်ခြင်းသာ...။ ခေါင်းထဲပြည့်နေသည့် အတွေးတွေကလည်း လူကိုနုံးချိစေတာကြောင့်လည်းပါသည်။

ရေချိုးခန်းထဲကမှန်မှာပေါ်နေသည့် သူ့ပုံသူကြည့်ရင်း စိတ်ပျက်မိသည်။ ကိုကို နဲ့ အကိုသာ မရှိရင် သူဒီဘဝမှာ ဆက်နေနိုင်မည်မဟုတ်။ မေမေဟာ သူငယ်ငယ်ကတည်းကထားခဲ့သလို ဒယ်ဒီကလည်း သူ့ကိုဆို သိပ်မုန်းနေခဲ့သည်။

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Kde žijí příběhy. Začni objevovat