အပိုင်း ၁၁

5K 374 95
                                    

Unicode

ရှောင်းကျန့်လက်ကနာရီကို ကြည့်ရင်း အပြင်ကိုထွက်လာတော့မည့် ရိပေါ်ကို စောင့်နေရသည်။ ဒီနေရာကိုလာရဖို့ သူဟောက်ရွှမ်းကို ဘယ်လိုများတောင်းပန်ခဲ့ရတယ်ထင်လဲ?

"ရိပေါ် အကိုဒီမှာ...."

အဝတ်တွန်းလှည်းလေးကို သူ့ဘာသာတွန်းရင်း ထွက်လာသည့် ကောင်လေးဟာ သူ့ကိုမြင်တာနဲ့ မျက်မှောင်ကြုံ့ပြီးကြည့်နေသည်။
USကိုဆေးသွားကုရင်းကျောင်းတက်နေတဲ့ ငါးနှစ်အတွင်း အနည်းငယ်ပိန်သွားပြီး အနက်ရောင် ဆံပင်အုပ်အုပ်လေးတွေအစား အညိုရောင် ဆံပင်တွေပြောင်းသွားတာကလွဲရင် ရိပေါ်က ဘာမှမပြောင်းလဲ...။

"အကိုသိပ်လွမ်းနေရတာ "

"ကိုကိုမလာဘူးလား"

သူပွေ့ဖက်လိုက်တာကို ရုန်းမည်ထင်ခဲ့သော်လည်း ရိပေါ်ဟာ မရုန်းဘဲသူ့အကိုဟောက်ရွှမ်းကိုသာ မေးလာသည်။

"သူ့ကိုအတင်းပြောလာရတယ် ကိုယ်လာကြိုချင်လို့"

"ဪ ..."

လွန်ခဲ့တဲ့လေးနှစ်လုံး ရှောင်းကျန့်ကို စာလည်းမပြန် ... ဖုန်းလည်းမဆက်ဘဲ နေနိုင်လွန်းသည့် ကောင်လေးက အခုတော့ စကားပြန်ပြောလို့ တော်ပါသေး၏။

"တစ်ခုခုစားဦးမလား"

"စားချင်စိတ်မရှိဘူး ကိုကို့ဆီကိုသာပို့ပေး"

လက်ထဲက အိတ်တွေကို ကားပေါ်တင်နေရင်း မေးတော့ ကလေးငယ်ဟာ အေးဆေးစွာပဲ တုန့်ပြန်သည်။ သူတို့ကြားမှာ အဲ့လောက်အေးစက်သွားအထိ လိုလို့လား? အဲ့နေ့က သူထားခဲ့တာတစ်ခုတည်း အတွက်နဲ့လေ...။

"ရိပေါ် ကိုယ်တောင်းပန်ပါတယ်"

"ဘာအတွက်လဲ"

"အရာအားလုံးအတွက်"

သူ့ဘေးကနေ အပြင်ကိုကြည့်ပြီး ငြိမ်သက်စွာ လိုက်လာတဲ့ ရိပေါ်က ပြုံးသည်။ သူမြင်နေကျ အပြုံးမျိုးတော့မဟုတ်ခဲ့...။

"အချိန်အကြာကြီးဘာလို့မဆက်သွယ်တာလဲ"

"လိုလို့လား အကို့ကိုဆက်သွယ်ဖို့"

ရိပေါ်ကပြောရင်းနဲ့ သီချင်းဖွင့်တဲ့နေရာလေးကို နှိပ်လိုက်တာကြောင့် ခပ်အေးအေးသီချင်းတစ်ပုဒ်ဟာ ကားထဲပျံ့လွင့်လာသည်။ သီချင်းလေးအတိုင်း စီးမျောရင်း မျက်လုံးတွေမှိတ်ထားသည့် ကလေးငယ်ဟာ သူနဲ့ စကားပြောချင်သည့်ပုံမပေါ်...။

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now