အခန်း ၃

4.7K 417 52
                                    

Unicode
အခန်း(၃)

"ဦးဦးဖယ်ပါ! သားကိုမလုပ်ပါနဲ့! "

ရိပေါ်သူ့လက်လေးတွေဖြင့် တွန်းထုတ်နေသော်လည်း လူကြီးအားနဲ့ဖိထားခံရ၍ အင်အားကုန်တာပဲ အဖတ်တင်သည်။

"ဟင့် ဖယ်ပါ.... သားကြောက်တယ် မေမေရေ!! ကိုကို!!"

"ပါးစပ်ပိတ်ထားစမ်း!!!"

"ကိုကိုရေ!!! အင့် "

ချွေးစေးများနဲ့ရိပေါ်နိုးထလာတော့ တစ်ခန်းလုံး မှောင်ပိန်းနေသည်။ အကိုလည်းဘေးနားမှာမရှိ....။ ဘေးနားကရေဘူးထဲမှာလည်း ရေမရှိတာနဲ့ မီးခလုတ်ငယ်ကို လှမ်းဖွင့်ပြီး ရေဖြည့်ဖို့ အောက်ကိုဆင်းရန်ပြင်ရသည်။

"ရိပေါ် "

"အကို မအိပ်သေးဘူးလား"

ဒယ်ဒီနဲ့ ကိုကိုရှိသည့် ညတွေဆို အကိုကစာသင်ပြီး အကို့အခန်းမှာပဲအိပ်နေကျဖြစ်သော်လည်း အခုဒယ်ဒီ့အခန်းထဲကထွက်လာတာကြောင့် ရိပေါ်အံဩမိပါသည်။

"အင်း ဦးနဲ့ အလုပ်ကိစ္စပြောနေရင်း ဒီလောက်နောက်ကျသွားတာမသိလိုက်ဘူး"

"ကိုကိုရော "

"ဟောက်ရွှမ်းကသူ့အခန်းထဲမှာလေ အိပ်လောက်ပြီ"

"ဘာအလုပ်ကိစ္စမို့လို့ ကိုကိုတောင်မသိရအောင် ဒီအချိန်အထိဆွေးနွေးနေရတာလဲ"

ရိပေါ်ကရိုးရိုးသားသားဖြင့်မေးလိုက်သော်လည်း အကိုကတော့သက်ပြင်းပဲချပြီး သူ့အခန်းဆီပြန်သွားခဲ့သည်။ အကိုအခုလိုလုပ်သွားတာကို သူမကျေနပ်နိုင်ပါ။

"အကိုတံခါးဖွင့်ဦး"

"ဘာလဲကွာ"

"ဘာလို့လာအော်နေတာလဲ"

သူ့ကိုစိတ်ရှုပ်သလိုပြောလာတဲ့အကို့ကို ပြန်အော်ကာ အကို့ကုတင်ပေါ်တက်ထိုင်လိုက်သည်။

"ဒယ်ဒီက ကျွန်တော်တို့အကြောင်းသိသွားလို့လား ဒယ်ဒီဘာပြောပြောလမ်းမခွဲဘူးနော်"

"မဟုတ်ဘူးအလုပ်ကိစ္စပြောတာ"

"ဘာကိစ္စလဲ"

"စပ်မစုနဲ့ သွားအိပ်တော့"

"အကိုပြောပြမှအိပ်မှာ "

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now