အခန်း ၄

4.4K 412 35
                                    

Unicode

လက်နှစ်ချောင်းကြားမှာ ညှပ်ထားတဲ့ စီးကရက်ကို တစ်ရှိုက်ဖွာရင်း ရေကူးကန်ထဲကရေတွေကို ရိပေါ် ခြေထောက်ဖြင့် ဆော့ကစားနေမိသည်။
မနက်ဖြန်ဆို သင်္ချာပြိုင်ပွဲရှိတာသိသော်လည်း သူအများကြီး စိတ်မပူမိ....။ ဘာပဲဖြစ်ဖြစ် ရိပေါ် အကိုနဲ့အတူတူ ပြင်သစ်သွားရမှာ သေချာနေလေပြီ။

"ဆေးလိပ်တွေသောက်တာ အကိုမကြိုက်ဘူး"

"အကိုကျသောက်တယ်"

သူ့လက်ကြားထဲက စီးကရက်ကို ဆွဲယူပြီးပြောလာသည့်အကို့ကို နှုတ်ခမ်းဆူကာပြောမိတော့ အကိုက ရိပေါ်နှာခေါင်းလေးကို ဆွဲညှစ်လာသည်။

"အကိုကလူကြီးလေ"

"လူကြီးဖြစ်တယ်ဆိုတိုင်း အကိုလုပ်သမျှကအမှန်လား"

"စာမလုပ်ဘူးလား"

အကိုက သိသိသာသာကို စကားလွှဲပစ်၏။ ရိပေါ်အကို့လက်ထဲကဆေးလိပ်ကို ပြန်ယူကာ တစ်ရှိုက်ဖွာပြီး အကို့ဘက်အငွေ့တွေမှုတ်ထုတ်လိုက်သည်။

"မလိုတော့ဘူး ရက်က"

"ဘာကိုလဲ"

"ကျွန်တော်တို့ပြင်သစ်သွားရတော့မယ်လေ"

"ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ပဲပေါ့"

"အင်းပေါ့ဗျ ကျွန်တော်က အကို့ကောင်လေးပဲလေ"

အကိုက ရေကူးကန်ထဲခြေထောက်ချလိုက်ပြီး ရိပေါ်ခြေထောက်ကို ထိတွေ့လာသည်။

"အိမ်ကထွက်သွားတဲ့နှစ်ရက်အတွင်း အိပ်ဆေးတွေပါသောက်ရတဲ့အထိလား"

"ကျွန်တော်အိပ်မပျော်ဘူး ပြီးတော့မေ့ချင်တယ် အကိုလမ်းခွဲမယ်ပြောခဲ့တာကို မေ့ပစ်ချင်တယ် ကျွန်တော်ကြိုးစားအိပ်လည်း မရဘူး အကိုမရှိဘူးဆိုတဲ့ အသိကမရဘူး"

"ပြင်သစ်ရောက်ရင်ဘယ်လိုလုပ်မလဲရိပေါ်"

သူ အကို့ကိုသေချာကြည့်လိုက်တော့ အကိုက သက်ပြင်းချသည်။
သူထင်နေသလိုတော့ မဖြစ်နိုင်ဘူးမလား?

"မလိုက်ဘူးလို့တော့မပြောနဲ့နော်"

"လိုက်မှာပါ တကယ်လို့များ....."

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Où les histoires vivent. Découvrez maintenant