Unseen Love (Xiao Zhan's Side Story)

4.3K 260 27
                                    

Unicode

မချစ်တတ်ခဲ့ပေမယ့် ကျွန်တော့်တစ်ဘဝလုံးမှာ သူတစ်ယောက်တည်းကိုသာ ချစ်ပေးခဲ့တယ်။

____________________

"ဒါ ... ငါ့ညီလေးလေ ရှောင်းကျန့် "

မှိုင်းညို့အားငယ်နေတဲ့ မျက်ဝန်းလေးတွေနဲ့ ရှောင်းကျန့်တွေ့ဆုံခဲ့တဲ့နေ့ ...။ သူ့ကိုပြုံးပြလိုက်တဲ့ နှုတ်ခမ်းတစ်စုံဟာ နှလုံးသားထဲကို တိုက်ရိုက်စီးဝင်ခဲ့သည် ...။

"ကျွန်တော်က ဝမ်ရိပေါ်ပါအကို "

"အကိုက ရှောင်းကျန့်ပါ "

ဒီအတိုင်း ... ဒီအတိုင်းလေးပဲ ဆက်သွားရမယ်လို့ သူထင်ခဲ့ပေမယ့် ကောင်လေးဟာ သူ့ကို သိပ်ချစ်နေရပါသည်တဲ့ ...။
ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တာ သိပေမယ့် သူနောက်ဆုတ်ဖို့လည်း မဝံ့ရဲခဲ့ပြန်... ။
ဝမ်ရိပေါ် တဲ့ ... ။ သူ့ဘဝတစ်ခုလုံးကို သူ့အချစ်တွေနဲ့ ကိုင်လှုပ်ခဲ့တဲ့ ကောင်ငယ်လေး...။
အဖေဖြစ်သူရဲ့ အမြင်မကြည်မှုတွေကို ခါးစည်းခံခဲ့ရတဲ့ကောင်လေး ... ။
ဒီကောင်လေးအပေါ် သူဂရုဏာသက်စွာ ချစ်ကျွမ်းဝင်မိခဲ့သည်...။
ဒါပေမယ့် ယောက်ျားလေးနှစ်ယောက်ရဲ့ ချစ်ကြိုက်မှုတွေကို ဘယ်သူကများ လက်ခုပ်တီး အားပေးထောက်ခံကြမှာတဲ့လဲ ...။

"ရှောင်းကျန့် ... ရိပေါ်ကမင်းနဲ့လား "

"မဟုတ်ဘူး ဟောက်ရွှမ်း "

"အိမ်မှာမရှိတော့လို့"

ထိုညဟာ ရိပေါ်ကို သူငြင်းလိုက်တဲ့ည ... ။ အိမ်ကနေထွက်သွားတဲ့ ကောင်လေးကို လိုက်ရှာဖို့ ဟောက်ရွှမ်းရော သူပါ ပျာယာခက်ခဲ့ရတဲ့ ညလည်းဖြစ်သည်။

"ကျွန်တော့်ကိုမချစ်ကြဘူး ကျွန်တော့်ကို ဘယ်သူ့မှမချစ်ကြဘူး"

"မဟုတ်ပါဘူး ရိပေါ် ... မဟုတ်ပါဘူး"

"ဟုတ်တယ် ... မချစ်ကြဘူး "

လမ်းကြားထောင့်လေးမှာ တစ်ကိုယ်လုံးတုန်ယင်ပြီး ကယောင်ကတမ်းနဲ့ ပြောနေတဲ့ ကောင်ငယ်လေး ... ။ သူဘယ်လိုစိတ်နဲ့ ထားရက်ခဲ့ပါ့မလဲ ...။ ဘယ်လိုစိတ်မျိုးနဲ့ ဒီကောင်လေးကို ဆက်ပြီးငြင်းရက်နိုင်လိမ့်မလဲ ...။

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now