အပိုင်း ၁၃

4.7K 350 94
                                    

Unicode

ကမ်းခြေရောက်တဲ့ ဒုတိယနေ့ရက်အထိ သူနဲ့ ရိပေါ် စကားမပြောဖြစ်ကြဘဲ အရင်ကထက်အေးစက်သွားခဲ့သည်။

"ရေဘဝဲကစားလို့ကောင်းတယ်"

"ငယ်လေးစားလို့ကောင်းရင်များများစား"

နေ့လည်စာ စားနေတုန်း သူ့အကိုကို လှမ်းပြောနေသည့် ကလေးငယ်ဟာ သူမရှိလည်းပျော်ရွှင်နေသလို...။

"များများစား"

"အင်း"

သူ့ပန်းကန်ထဲက ခွါပြီးသားဂဏန်းသားတွေကို ရိပေါ်ပန်းကန်ထဲထည့်ပေးလိုက်တော့ ရလာတဲ့ တုန့်ပြန်မှုက အေးစက်စွာ...။
သူကရော လက်လွှတ်ပြီးသားလူတစ်ယောက်ကို ဘာကြောင့် ဂရုစိုက်နေမိတာလဲ?

"ပြီးရင်စျေးတန်းဘက်သွားမလို့ ပြီးရင် သင်္ဘောသွားစီးမယ် "

"ငယ်လေးသဘောပဲ"

"မဟုတ်ပါဘူး ကျန်တဲ့သူတွေလည်း ကြိုက်တဲ့နေရာသွားလို့ရတယ်နော်"

"ကောကတော့ ရိပေါ်လေးနဲ့ပဲလိုက်မှာ"

ရေဘဝဲကင်ကို တူနဲ့ညှပ်ပြီး ပါးစပ်ထဲထည့်ရင်း ပြောလာသည့် ယွီပင်းဆိုတဲ့သူကို ရှောင်းကျန့် ပိုပြီး အမြင်မကြည်တော့...။

"ငါလည်းသင်္ဘောစီးချင်တာအတူတူသွားစီးမယ်"

"ကျိရန်ပါတယ်ဆိုတော့ ကိုကိုရောလိုက်မယ်"

ရိပေါ်ဟာ ကျိရန်နဲ့ ဟောက်ရွှမ်းကို မျက်စောင်းထိုးလိုက်သည်မှာ တကယ်ပင် ချစ်စဖွယ်...။ ရိပေါ်ဘက်ကမချစ်တော့ဘူးဆိုတဲ့အချိန်မှာမှ ရှောင်းကျန့်ဘက်က ပိုတိုးလို့ချစ်နေရ၏။

"ဒါဆိုအခုစျေးဘက်လျှောက်ကြည့်ကြမလား"

"အင်း ကိုကိုပိုက်ဆံရှင်းပြီးလိုက်ခဲ့မယ်"

တခြားသူတွေကိုမစောင့်ဘဲ အရှေ့ကနေပြေးထွက်သွားသော ကလေးနောက် ရှောင်းကျန့် ပြေးလိုက်ရပြန်သည်။ လက်လွှတ်လိုက်တယ်ဆိုရင်တောင်သူ့ဘက်ကချစ်နေရတာကြောင့် အနောက်ကနေအရိပ်တကြည့်ကြည့်စောင့်ရှောက်ပေးချင်နေဆဲ...။
သို့သော်လည်း ရိပေါ်ဟာ လမ်းတစ်လျှောက်လုံး ဆရာဝန်ကောင်ဘေးနားကပဲ ကပ်လျှောက်နေ၍ သူ အနည်းငယ်တော့မကျေနပ်။

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now