အပိုင်း ၁၂

4.8K 370 73
                                    

Unicode

"Cheer!"

တေးသွားငြိမ့်ငြိမ့်လေးတွေသာ ပျံ့လွင့်နေသည့် Barတစ်ခုမှာပဲ သူတို့သုံးယောက် ငြိမ်ငြိမ်လေးထိုင်သောက်နေကြသည်။ ဆူဆူညံညံအသံတွေနဲ့ ကခုန်နေကြတဲ့ လူတွေရှိသည့် နေရာမျိုးကို ရိပေါ်မကြိုက်..။

"အကိုရိပေါ်က ပိုချောလာတယ်"

"နောက်နေတာလားမင်းက ..."

ဖန်ရှင်းအပြောကို ရိပေါ်ဘာမှမပြောရသေးခင် ကျိရန်က ဝင်ကာ ထောက်ဖြုတ်သည်။
ဒါပေမယ့် ကျိရန်ပြောတဲ့အတိုင်းပါပဲ...။ ဒီငါးနှစ်အတွင်း စိတ်ပင်ပန်းလူပင်ပန်းနဲ့ ချောဖို့တောင် ရိပေါ်မှာအချိန်မရခဲ့....။

"ဖန်ရှင်းရော ရည်းစားရနေပြီလား"

"ဟင့်အင်း ကျွန်တော်အထက်တန်းပြီးမှပဲစဉ်းစားတော့မယ်"

"ဘာတက္ကသိုလ်ရွေးထားလဲ"

ကိုင်ထားတဲ့ခွက်ထဲက အရက်ကိုတစ်ငုံသောက်ပြီး မေးလိုက်တော့ဖန်ရှင်းက သောက်လက်စခွက်ကို စားပွဲပေါ်ချကာ သက်ပြင်းချသည်။ ဖန်ရှင်းဟာ အထက်တန်းနောက်ဆုံးနှစ်ဖြစ်သော်လည်း အသက်ပြည့်ပြီးသားဖြစ်၍ သူတို့နဲ့အတူလိုက်လာခွင့်ရခြင်း...။

"ကော အဆင်ပြေတဲ့တက္ကသိုလ်တက်ရမှာ အရမ်းအမြင့်ကြီးလည်းမှန်းလို့မရဘူး ကောက အခုကျွန်တော့်ကျောင်းစရိတ်တွေရော အိမ်ရဲ့စားစရိတ်ရော တာဝန်ယူထားရတာလေ ကျွန်တော်က ဝန်မပိုစေချင်ဘူး"

"ဖေဖေပေးတဲ့ စကော်လာဝင်လျှောက်ပါလား"

ကျိရန်စကားကြောင့် ရိပေါ်မလုံမလဲ ဖြစ်ရသည်။ သူသာဝင်မတားရင် ဖန်ရှင်းအခုဆို ကျောင်းစရိတ်တောင်မလိုဘဲ ကျောင်းတက်ခွင့်ရရင်ရနေနိုင်၏။

"ကျွန်တော်စာအတွက်အချိန်မပေးနိုင်ဘူး မေမေကလည်းနေမကောင်းတော့ပြုစုရသေးတယ် ဖေဖေဆုံးပြီးကတည်းက မေမေက အရင်လိုမဟုတ်တော့ဘူးလေ"

"အကိုကပြန်မလာဘူးလား"

ဒီတစ်ခါတော့ သူတကယ်သိချင်နေတာကြောင့် ဖန်ရှင်းကို မေးလိုက်မိတော့ တေးသံနိမ့်နိမ့်လေးတွေကြား ဖန်ရှင်းရဲ့ သက်ပြင်းချသံကထပ်ထွက်လာသည်။

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Tempat cerita menjadi hidup. Temukan sekarang