အပိုင်း ၁၄

4.8K 376 51
                                    

Unicode

တိတ်ဆိတ်နေသော လမ်းမထက် ရိပေါ် အပေါ်အင်္ကျီကို လည်ပင်းအထိဆွဲတင်လိုက်ပြီး ဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ အပြင်ကိုထွက်လာခဲ့သည် ။ သူလူတွေနဲ့ မဆုံဖြစ်အောင် ကြိုးစားနေသော်လည်း အလုပ်ကတော့ မလုပ်လို့ မဖြစ်...။ သူအိမ်ကထွက်လာတာတစ်လကျော်ကျော်ရှိနေလေပြီ။

"အကိုရိပေါ်ရောက်ပြီလား"

ဖန်ရှင်းက ဓာတ်ဆီဖြည့်နေရင်း နှုတ်ဆက်တာကြောင့် မေးမှာ သိုင်းထားတဲ့ Maskအမဲကို ထုတ်တပ်လိုက်ပြီး ဖန်ရှင်းအနားလျှောက်လာလိုက်၏။
သူထွက်ပြေးလာတဲ့ ညက အချိန်ပိုင်းအလုပ်ကနေပြန်လာတဲ့ ဖန်ရှင်းနဲ့တွေ့ခဲ့သည်။ နေဖို့နေရာကအစ ဖန်ရှင်းနဲ့သူ့သူငယ်ချင်းကပဲ စီစဉ်ပေးခဲ့ပြီး သုံးရက်လောက်နေတော့ သူလုပ်နေတဲ့ အလုပ်မှာပါ သွင်းပေးသည်။

"ကားတွေအရမ်းမများဘူးအကို "

ရိပေါ်ခေါင်းငြိမ့်ပြလိုက်ပြီး လက်အိတ်ကို ဝတ်ကာ အလုပ်စလုပ်ဖို့ ပြင်ရသည်။ သူနောက်ပိုင်း လူတွေနဲ့စကားမပြောချင်၍ ဖုန်းနံပါတ်ကိုပါ ပြောင်းလိုက်ပြီး ဖုန်းကိုလည်း သိပ်မကြည့်ဖြစ်တော့...။

"အပြန်လာကြိုရမှာလား"

"အင်းလေ ငါ့ကိုတော့ တစ်ယောက်တည်းမပြန်ခိုင်းဘူးမလား"

"မပြန်ခိုင်းပါဘူးအကိုရိပေါ်ရာ"

သူတို့စကားပြောနေတုန်း ကားတစ်စီးဝင်လာတာကြောင့် ဖန်ရှင်းကထထွက်သွားသည်။ ဒီနေ့ ကားလည်း ပါးတာကြောင့် ရိပေါ်ဆိုင်မန်နေဂျာကို ခဏခွင့်တောင်းပြီး ဆိုင်နဲ့ ခပ်လှမ်းလှမ်းက အုတ်ခုံလေးမှာ ဆေးလိပ်ထုတ်သောက်နေလိုက်၏။

"အဟွတ်...."

သူအခုတလော အအေးလည်းမိချင်နေသည်။ ညပိုင်းအလုပ်ဆင်းရတဲ့ အချိန်တွေရယ် ဒီရက်ပိုင်း မိုးမိတာတွေကြောင့် လူက ငြီးစီစီ...။ အချိန်ပိုတွေဆင်းရတိုင်းလည်း အချိန်ပိုကြေးမယူတဲ့ သူ့ကို ဆိုင်မန်နေဂျာကလည်း သိပ်ကို အားနာနေပုံ...။
သူ့အတွက်ခေါက်ဆွဲဖိုးရယ် အိမ်အသုံးစရိတ်ရယ် ရှိရင် ရပြီပဲလေ...။ အိမ်လခကလည်း ဖန်ရှင်းသူငယ်ချင်းတို့အိမ်နောက်က လူမနေတဲ့အခန်းလေးတစ်ခန်းဖြစ်တဲ့အတွက် အများကြီးမပေးရ..။
သူအလုပ်တော့ပင်ပန်းပေမယ့် စိတ်တော့ အေးချမ်းရသည်...။
ဖန်ရှင်းကတစ်ခါတစ်လေညစာဝယ်ကျွေးတတ်ပြီး ဖန်ရှင်းသူငယ်ချင်းတို့အိမ်ကလည်း အစားအသောက်တွေပို့ပေးတတ်တာကြောင့်လည်း သူ့အတွက်အများကြီးမလို...။

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now