အပိုင်း ၁၅

5.5K 375 44
                                    

Unicode

"သေချာစဉ်းစားပြီးပြီလား ရိပေါ်"

ကိုကိုလှမ်းပေးတဲ့ ဆေးကို ယူလိုက်ရင်း ရိပေါ်သက်ပြင်းချလိုက်သည်။ သူ့ကိုပြောနေသည့် ကိုကို့ရဲ့ လေသံတွေမှာလည်း အလိုမကျခြင်းတွေဟာရောပါနေသည်။

"စိတ်ချမ်းသာမှာလား "

"ဟင့်အင်း"

"ဒါဆိုဘာလို့...."

"အကို့ကိုလက်ထပ်လိုက်လို့ပြောင်းလဲသွားမှာမှ မဟုတ်ဘဲ သားကချစ်လို့လက်ထပ်တာလည်းမဟုတ်ဘူး"

ကိုကိုက သူ့ဘေးနားက Sofaပေါ်မှာ ဝင်ထိုင်လိုက်ပြီး သူလှမ်းပေးတဲ့ ရေခွက်ကို စားပွဲပေါ် ဂွက်ခနဲ...။

"ငယ်လေးစိတ်မချမ်းသာရင် ကိုကိုတော့ခွင့်ပြုပေးမှာမဟုတ်ဘူး"

"ကိုကိုကလည်း စိတ်မချမ်းသာသလို စိတ်ဆင်းရဲနေတာမှမဟုတ်တာ"

"ဒါဆို ကိုကိုတို့သတင်းစာရှင်းလင်းပွဲပြီးမှ မင်္ဂလာပွဲကို လုပ်မလား"

"ဘာသတင်းစာရှင်းလင်းပွဲလဲ"

သူဆေးရုံကဆင်းလာပြီးကတည်းက ကိုကိုတို့အလုပ်ရှုပ်နေတာကို သူသိသည်။ ကျန်းမာရေးအတွက်ဆိုပြီး ကိုကိုက ဖုန်းမသုံးခိုင်းတော့ အင်တာနက်ပေါ်မှာ ဘာတွေဖြစ်နေမှန်းမသိရ...။
ကိုကိုကရော ဝမ်အိမ်တော်မှာမနေဘဲ ဘာကြောင့် မေမေ့အိမ်မှာ လာနေနေရတာလဲ?

"ကိုကို ... ဘာသတင်းစာရှင်းလင်းပွဲလဲလို့"

"ငယ်လေးပါတက်ရမယ် အဲ့ကျရင်သိမှာပေါ့"

ကိုကိုကသူ့ကို မပြောပြဘဲ ရေခွက်ကိုယူကာ ထထွက်သွားသည်။ အခုတလောကျိရန်ကလည်း အလုပ်တွေပစ်ပြီး သူ့ဘေးနားမှာပဲ လာနေပေးပြီး ဒီနေ့မှ အိမ်ပြန်သွား၏။

"ရိပေါ်"

"အကို..."

"ဒီနေ့ဝတ်စုံသွားရွေးမယ်ဆို"

အကိုက အိမ်ထဲဝင်လာရင်း Sofaပေါ်မထိုင်သေးခင်မှာပဲ ပြောသည်။ ရိပေါ်ခေါင်းငြိမ့်ပြပြီး Sofaပေါ် တစောင်းလှဲအိပ်လိုက်တော့ အကိုက စိုးရိမ်သွားသလို....။

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Where stories live. Discover now