Ep 9

793 112 35
                                    

သူ……
             

ညကတည်းက အိပ်လို့မပျော်သည်မို့
မနက်ရောက်တော့ မျက်နှာကအတော်လေးချောင်ကျနေသည်။
အိပ်လို့မပျော်ခဲ့ဘူး။
အသိစိတ်ထဲက သူပျောက်သွားခဲ့ရင်
အိပ်မက်ထဲမှာ သူထားရစ်ခဲ့မှာကို ကိုယ်ကြောက်နေခဲ့ရသည်။

ကိုယ်မှားနေခဲ့တယ်ဆိုတာသိပေမဲ့
အိုဆယ်ဟွန်းအတွက် ကိုယ်အမှားများစွာကို
မျက်စိမှိတ်ပြီးကျူးလွန်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်သည်။

"ကင်ဂျုံအင် တစ်မနက်လုံးမင်းပြုံးနေတာ
အိုဆယ်ဟွန်းနဲ့လက်ထပ်ရမှာ အဲ့လောက်တောင်ပျော်လား"

ဂျောင်ဆူးမေးတာကိုမဖြေပဲ ကိုယ်နှစ်နှစ်ခြိုက်ခြိုက်ထပ်ပြုံးမိပြန်သည်။

"ရူးမသွားနဲ့အုံး
မင်းလက်ထပ်ရမှာ မင်းချစ်သူယွန်းမြောင်ဂျူမဟုတ်ဘူး"

သူမနာမည်ကြားတော့ ကိုယ်တကယ်အားနာသွားရသည်။
သူမအပေါ်တွယ်ခဲ့တဲ့ ကိုယ့်သံယောဇဉ်က ဖြူစင်သွားဟန်ရှိသည်။
တောင်းပန်ပါရစေမြောင်ဂျူ။ ကိုယ်ကအပြောင်းလဲမြန်သလိုဖြစ်သွားရတယ်။ကိုယ်ဟာ ယုံကြည်မှုနဲ့မထိုက်တန်ခဲ့ဘူး။
မင်းကကိုယ့်အချစ်ဦးမို့ သူမတူအောင် ကိုယ်ချစ်ခဲ့ပါတယ်။ ဒါပေမဲ့ အချစ်ဆုံးတော့ ဖြစ်မလာခဲ့ဘူး။
ကျေနပ်တဲ့အထိကိုယ်တောင်းပန်ပါ့မယ်။

*Ring …… ring ……*

"ဂျုံအင် မင်းဖုန်းမြည်နေတယ်
ကိုင်လိုက်အုံး……"

"အင်း ကိုယ်မကြားလိုက်ဘူး"

"လွတ်နေပြီ ငါ့ကောင်"

ဂျောင်ဆူးနဲ့စကားနိုင်မလုဘဲ ယောလ်ရဲ့ဖုန်းကိုသာဖြေဖို့ကိုင်လိုက်သည်။

"ယောလ် လာပြီလား"

" ………"

"ဟင် ဒါဆိုမလာနိုင်ဘူးပေါ့မင်းက"

"…………"

"ဘယ်တက်နိုင်မှာလဲ အရေးတကြီးသွားရတာဆိုတော့ ကိုယ်နားလည်ပါတယ်
မင်းကိုပြောစရာရှိတာလဲ မင်းပြန်လာမှပြောတော့မယ်"

"…………"

"ok see you သူငယ်ချင်း အဆင်ပြေပါစေ"

ကိုယ်ဖုန်းပြောတာကို ဂျောင်ဆူးကစိတ်ဝင်တစားနားထောင်နေသည်။

HE✨သူ (Completed)Where stories live. Discover now