Ep 32

543 74 31
                                    

သူ……
            

နေ့လည်စာစားပြီးချိန်တွင် ကိုယ်မေမေရှိတဲ့အိမ်ကိုလာခဲ့လိုက်သည်။
ဟွန်းကလဲ နေမကောင်းလို့ ရုံးမတက်တာ
ကြောင့် အိမ်မှာပဲရှိလိမ့်မည်။

ခုနောက်ပိုင်းမေမေလဲ ကိုယ့်အပေါ်အရင်လို
အပြစ်တင်စကားမဆိုသလို ဟွန်းကိုလဲ မေးတာမျိုးမရှိခဲ့။

အိမ်ရောက်တော့ ဧည့်ခန်းတွင် သိုးမွှေး
ထိုးနေသည့် မေမေ့ကို တမ်းတွေ့သည်။
ဆောင်းဦးဝင်ခါနီးပြီမို့ ဖေဖေ့အတွက် အကျီ င်္ထိုးနေဟန်တူသည်။
မေမေကဖေဖေ့ကို ဘယ်လောက်ပဲ ဒေါသထွက်စေကာမူ အကျီ င်္ကိုတော့ အမြဲလိုလုပ်ပေးလေ့ရှိသည်။

"မေမေ ကျနော်လာတယ်"

"အိမ်တော့ပြန်လာဖော်ရသေးတာပဲ မေမေ့သားက နေ့လည်စာစားခဲ့ပြီလား"

"စားခဲ့ပြီမေမေ ကျနော်ပြောစရာရှိလို့လာတာ"

"ဘာများလဲ ထူးထူးဆန်းဆန်း "

"ဟော……ဂျုံအင် ရောက်နေတာလား
မြောင်ဂျူက အန်တီပျင်းနေမှာစိုးလို့ အခန်းထဲကထွက်လာတာ"

"အင်း အခုပဲရောက်တာ
သက်သာရဲ့လား"

"သက်သာပါတယ် ခေါင်းနောက်တာပဲရှိတာပါ
တစ်ခုခုစားမလား လုပ်ပေးမယ်လေ"

"မစားတော့ဘူး မေမေ့ကို အသိပေးစရာရှိလို့လာတာ မင်းလဲရှိတော့ပိုကောင်းတာပေါ့"

"ဟင်……ဘာများလဲ"

မေမေကတော့ဘာမှဝင်ပြောခြင်းမရှိဘဲ
ကိုယ်ပြောမည့်အကြောင်းကိုသာ စိတ်ဝင်စားဟန်ရှိသည်။
ထိုးလက်စသိုးမွှေးကို ဘေးချပြီး ကိုယ့်မျက်လုံးကို တည့်တည့်ကြည့်သည်။

မေမေနဲ့ပန်းလေးသာလျှင် ကိုယ့်မျက်လုံးကို
စေ့စေ့ကြည့်တက်ကြသည်။
ထိုသူနှစ်ယောက်ကိုတော့ ကိုယ်ညာလို့ရနိုင်မည်မထင်ပါ။
ပန်းလေးရဲ့ ရိုးသားတဲ့အကြည့်ကိုရင်မဆိုင်ရဲတာမို့ ကိုယ်သူ့ကိုရှောင်နေမိသည်။
အခုလဲ မေမေရဲ့စူးစမ်းသည့် အကြည့်က ကိုယ့်ရဲ့အင်အားတွေပင် ယုတ်လျော့သွားစေသည်။

"သားပြောချင်တာပြောလေ မေမေနားထောင်နေတယ်"

"ကျနော် မြောင်ဂျူနဲ့လက်ထပ်တော့မယ်"

HE✨သူ (Completed)Where stories live. Discover now