Ep 30

637 71 14
                                    

သူ……
            

ဒယ်ဒီနဲ့ဖုန်းပြောပြီးနောက် သက်ပြင်းမောတစ်ခုကို ချကာအိမ်ထဲပြန်ဝင်ဖို့ပြင်လိုက်ချိန် မြောင်ဆူတစ်ကိုယ်လုံး အေးခဲသွားစေခဲ့သည်။

မိမိရဲ့နောက်မှာ မသင်္ကာသော မျက်ဝန်းတို့ဖြင့် ကြည့်နေသော အန်တီနာယောင်း။

"အန်တီနာယောင်း……"

"မင်း……ဘယ် သူ လဲ "

"သမီးမြောင်ဂျူလေအန်တီရဲ့"

"မင်းမိဘတွေကို ဘာလို့လိမ်နေတာလဲ
မင်းညီမက ဆုံးသွားပြီလေ"

"အဲ့ဒါက……အဲ့ဒါက……ဒယ်ဒီတို့စိတ်ဆင်းရဲမှာစိုးလို့ပါ"

"မင်းကမြောင်ဂျူမဟုတ်ဘူးမို့လား
သေချာပေါက် မင်းကယွန်းမြောင်ဆူဖြစ်လိမ့်မယ်"

"မဟုတ်ပါဘူး ကျမမြောင်ဂျူပါ"

"ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့ယွန်းမြောင်ဆူ
ငါဟာအိမ်ထဲမှာပဲနေတဲ့လူဆိုပြီး မင်းလှည့်စားဖို့မကြိုးစားနဲ့……မင်းသာယွန်းမြောင်ဂျူဆိုရင်
မင်းရဲ့ကုမ္မဏီအောက်ခြေက
ခြစားနေစရာအကြောင်းမရှိဘူး……
ယွန်းမြောင်ဂျူဟာ စီးပွားရေးမှာ သိပ်တော်တဲ့မိန်းကလေး……သူသာဆိုရင် ကုမ္မဏီတစ်ခုလုံး
အောက်ကိုထိုးကျမှာမဟုတ်ဘူး"

"အဲ့ဒီအချက်တစ်ခုထဲနဲ့ ကျမကယွန်းမြောင်ဆူပါလို့
အန်တီကစွပ်စွဲလိုက်တာလား"

"အဓိကအချက်……ယွန်းမြောင်ဂျူက
ကင်ဂျုံအင်စိတ်ချမ်းသာမှုတစ်ခုကိုပဲ တွေးတဲ့မိန်းကလေး……မင်းလိုပိုင်ဆိုင်လိုစိတ်ပြင်းပြနေတဲ့သူမဟုတ်ဘူး……ဟင်း……ဟင်း……ဒီလောက်ဆို မင်းသိမှာပါ ယွန်းမြောင်ဆူ"

"အန်တီနာယောင်းက ထင်ထားတာထက်ပိုပြီး
သွက်နေတာပဲ……ဟုတ်တယ် ကျမယွန်းမြောင်ဆူ…
အဲ့ဒီတော့ အန်တီက ဘယ်လိုဖြစ်စေချင်လဲ
ကျမက မမမြောင်ဂျူ မဟုတ်ဘူးဆိုတဲ့အကြောင်း
ဂျုံအင်ကို သွားပြောမှာတော့ မဟုတ်ပါဘူးနော်"

"မင်းနဲ့အန်တီက ရည်ရွယ်ချက်ချင်းတူတဲ့သူတွေပါ ယွန်းမြောင်ဆူ……မင်းက မြောင်ဂျူပဲ ဖြစ်ဖြစ် မြောင်ဆူပဲဖြစ်ဖြစ် အန်တီစိတ်မဝင်စားဘူး……
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အိုဆယ်ဟွန်းကို
သားအနားက ဆွဲထုတ်ဖို့ပဲ……သားကိုသိပ်ချစ်တဲ့မင်းက ဒီတိုင်းကြည့်နေမှာမဟုတ်ဘူးလို့ အန်တီထင်တယ်……ဟင်း……ဟင်း……
အမတစ်လောက်လုံးသေတာတောင် ဖုံးကွယ်ထားတဲ့ကိစ္စ မင်းမိဘတွေသိသွားရင်
ပြီးတော့ မင်းက ယွန်းမြောင်ဆူဆိုတာ သားသိသွားရင်……"

HE✨သူ (Completed)Where stories live. Discover now