Ep 31

552 73 24
                                    

သူ……
            

"သား နိုးပြီလား……
တော်တော်လေး အိပ်လိုက်တာပဲ ညကအိပ်မပျော်ဘူးလား"

ချန်းယောလ်နိုးလာတော့ အခန်းထဲ၌ မေမေ့ကို တွေ့ရသည်။
အခန်းထဲဝေ့ဝဲရှာကြည့်သော်လည်း ဂျောင်ဆူးကို မတွေ့ရ။

"ဘယ်နှနာရီရှိနေပြီလဲမေမေ"

"10နာရီထိုးတော့မယ်သားရဲ့
မျက်နှာသစ်ရအောင်လေ မနက်စာစားချိန်တောင်ကျော်နေပြီ"

"ဟုတ် မေမေရောက်နေတာကြာပြီလား"

"2နာရီလောက်ရှိပြီ သားအိပ်နေလို့
မေမေကစောင့်နေတာ"

"ဂျောင်ဆူးရော……သူ့ကိုမတွေ့ဘူးလားမေမေ"

"မတွေ့ပါဘူးသားရဲ့……
မနေ့ညကလဲ ဂျောင်ဆူးလေးရှိတယ်ထင်လို့ မေမေမလာတာ ဒီကောင်လေးကလဲ ပြန်သွားတာ အကြောင်းမကြားဘူးကွယ်"

မေမေကတော့ ဂျောင်ဆူး မနေ့ညကတည်းကပြန်သွားသည်ဟုထင်နေသည်။

"အော် ဟုတ်တယ်မေမေ ဒီကောင်အလုပ်ကိစ္စအရေးကြီးလို့ ပြန်သွားတာ သားမေ့သွားလို့
မေမေတို့ကိုဖုန်းဆက်မယ်လို့ သူကပြောပါတယ်
သားကမဆက်ခိုင်းလိုက်တာ"

"အေးအေး သားသူငယ်ချင်းကို မေမေက အပြစ်တင်တာမဟုတ်ပါဘူးကွယ်
သားအတွက်စိုးရိမ်လို့ပါ"

"ဟုတ် မေမေ သားဆေးရုံကဆင်းချင်ပြီ
ဒီမှာနေရာလဲ ငြီးငွေ့တယ် ပြီးတော့ အလုပ်တွေလဲ ပစ်ထားသလိုဖြစ်နေပြီ"

"အေးပါကွယ် အလုပ်ကိုစိတ်မပူပါနဲ့
သားဖေဖေက သွားနေပါတယ်
ဆေးရုံကဆင်းဖို့တော့ မေမေမေးလိုက်မယ်
အိမ်ကျမှ ကောင်းကောင်းနားပေါ့ကွယ်"

"ဟုတ်ကဲ့မေမေ"

မေမေ့ကကျနော့်အတွက် မနက်စာလုပ်ပေးပြီး
ဆရာဝန်စီသွားသည်။
ကျနော်ကြောက်နေမိသည်။
အချစ်ကျနော့်အနားပြန်မလာတော့မှာကို သေလောက်အောင်ကြောက်သည်။
တံခါးဖွင့်သံကြားတိုင်း အချစ်လာလေသလား
အထင်နှင့် မကြာခဏကြည့်မိသည်။
မျှော်သူကတော့ ကျနော်ဆေးရုံကဆင်းချိန်ရောက်သည့်တိုင် ရောက်မလာခဲ့။

အိမ်ကိုရောက်ပြီး သိပ်မကြာ ဂျုံအင်နဲ့ယွန်းမြောင်ဂျူ ရောက်လာကြသည်။

HE✨သူ (Completed)Where stories live. Discover now