Ep 16

744 89 25
                                    

သူ……
             

*တီ …… တီ ……*

တတီတီမြည်နေသော နှလုံးခုံစက်ပေါ်မှ မျဉ်ကွေးလေးများ လှုပ်ရှားလာသည်နှင့်အတူ ခန္ဓာငယ်တစ်ခုသည်လဲ တဆက်ဆက်တုန်ရင်နေခဲ့သည်။

*တီ …… တီ ……*

ချန်းယောလ်နဲ့ဂျောင်ဆူး ဆေးရုံသို့ ဆယ်ဟွန်းနောက်ဆုံးအချိန်ကို စီစဉ်ရန် စောစောလာခဲ့ခြင်း။
ဆယ်ဟွန်းနဲ့ဂျုံအင်ရှိရာအခန်းကိုရောက်တော့
စီးကြိုနေသည်က ထူးဆန်းသောအနေအထား။

ဆယ်ဟွန်းခေါင်းရင်းက စက်သည်တီတီမြည်ကာ
ဆယ်ဟွန်းခန္ဓာကိုယ်ကလဲ ဓာတ်လိုက်သွားသည့်နှယ် တုန်ရီလို့နေသည်။

"ဂျောင်ဆူး ……ဒေါက်တာသွားခေါ် မြန်မြန်"

"အေးအေး"

ဂျောင်ဆူးလဲ အမြန်ပင်ပြေးသွားသည်။
ချန်းယောလ်လဲ အခန်းထဲအမြန်ဝင်ခဲ့ကာ
အိပ်ပျော်နေသော ဂျုံအင့်ကိုနှိုးရတော့သည်။
မနေ့ကပုံစံအတိုင်း ဆယ်ဟွန်းဘေးမှာ အိပ်ပျော်သွားခဲ့ပုံရသည်။

"ဂျုံအင်……ဟျောင့်……ထအုံး
ကင်ဂျုံအင်……မြန်မြန်"

"ဟင်……ချန်းယောလ်"

အကြမ်းပတမ်းလှုပ်ရမ်းခေါ်နေသည့်
ယောလ်ကြောင့် ကိုယ်နိုးလာခဲ့ရသည်။

*တီ ………တီ ……*

"ဟွန်း……"

တတီတီမြည်နေသောအသံကြောင့်
ဟွန်းကိုသတိရသွားသည်။

"ဟွန်း…ဟွန်း……သတိထားအုံးလေ
ယောလ် ဒေါက်တာခေါ်ပေး အမြန်"

"ဂျောင်ဆူးသွားခေါ်နေတယ်"

ဆယ်ဟွန်းခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ကာ
အသက်ရှုသံများလဲ ပြင်းထန်လို့နေသည်။
မဖြုတ်ရသေးသော ဆေးပိုက်များသည်
ခန္ဓာကိုယ်မငြိမ်သက်မှုကြောင့် ပြုတ်ထွက်ကုန်ကာ သွေးစများပင်ထွက်လို့နေသည်။

ဟွန်းကို ဒီလိုအနေအထားမှာမြင်နေရတာ ကိုယ့်အတွက် ရူးသွပ်ဖွယ်ရာအဖြစ်အပျက်ဖြစ်လို့နေသည်။

"ဂျုံအင် ……ဒေါက်တာလာပြီ"

"ဆေးရုံအုပ် သူဘာဖြစ်တာလဲ"

HE✨သူ (Completed)Where stories live. Discover now