အပိုင်း၁၈

9.7K 780 27
                                    

Unicode

ရှောင်ဟန် အတွက် ဒီနေ့က ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့တစ်နေ့ဖြစ်သည်။ဘာ့ကြောင့်ဆို သူရင်ခုန်ချင်လည်း ရင်ခုန်စရာပါပဲ..ဒီနေ့က သူအထက်တန်းကျောင်း စတက်ရမယ့်နေ့တစ်နေ့။ အခြားသူတွေ အတွက်က အဆန်းမဟုတ်ပေမဲ့...သူ့လို ဂေဟာမှာပဲ စာသင်ပြီး ကျောင်းတက်ခဲ့ရတဲ့ သူတစ်ယောက်အတွက်တော့ ကိုယ်ပိုင်ကျောင်းကြီးဆိုတာ သူလက်လှမ်းမမှီခဲ့၍ တစ်ခါမှ တက်ရမည်ဟု စဉ်းစားဖူးသည့်အရာပင်မဟုတ်လား။ အိမ်မက်ထဲပင် ထည့်မမက်ရဲသည့် ကိစ္စတစ်ခုလိုပင်။ အခုတော့ အိမ်မက်မဟုတ်ဘဲ လက်တွေ့တောင် ဖြစ်နေသေးသည်။ သူစိတ်မလှုပ်ရှားဘူးလို့ ဆိုနေသည်ကမှ လိမ်ရာကျနေပေဉီးမည်။

ယခုလည်း ပထမဆုံး ကျောင်းစတက်ရမည့်နေ့ဖြစ်တာကြောင့် ရှောင်ဟန် တစ်ယောက် အကုန်ပြင်ဆင်ထားပြီးသော်လည်း အခန်းထဲတွင် ဟိုဘက်ကိုလျှောက်လိုက်ဒီဘက်ကိုလျှောက်လိုက်ဖြင့် အိဒ္ဒြေမရဖြစ်နေမိသည်။
ကျိုးယွင် က အလယ်တန်းကျောင်းသား တစ်ယောက် ဖြစ်ပေမဲ့ တက်ရမည့်ကျောင်းက အတူတူဖြစ်သောကြောင့် မွေးစားအဖေက ရှောင်ဟန်ကို ကျိုးယွင်နဲ့ ကျောင်းအတူတူသွားရန် စီစဉ်ပေးထားသည်။
ကျိုးရန်နဲ့ ရှောင်ဟန်က အရွယ်တူ အတန်းတူပေမဲ့ နှစ်ယောက်လုံး က သိပ်ပြီးမရင်းနှီးကြဘူးဆိုတာ မွေးစားအဖေ ကိုယ်တိုင်ကလည်း ရိပ်မိသည်ဟု ရှောင်ဟန် ထင်မိသည်။ သူလည်း ဒါ့ကြောင့် သက်ပြင်းချလိုက်နိုင်တာဖြစ်သည်။
မဟုတ်ရင် ကျောင်းစတက်တဲ့ နေ့မှာတောင် သူအဆင်ပြေမှာမဟုတ်ဘူးဆိုတာ ကြိုတင် ခန့်မှန်းလို့တောင်ရသည်။

ကျိုးယွင် သူရေချိုးခန်းထဲက ထွက်လာတော့ ရှောင်ဟန်ကောက ဟိုလျှောက်သည်လျှောက်နဲ့ ပြာယာတွေခတ်နေတာကို သူတွေ့ရသည်။

ဒီနေ့က ကျောင်းစဖွင့်တဲ့နေ့ဖြစ်ပြီး ကျောင်းသားတိုင်းရင်ခုန်ရတဲ့နေ့တစ်နေ့ဖြစ်တာကြောင့် ရှောင်ဟန်ကောအတွက်က ပိုပြီး စိတ်လှုပ်ရှားရတဲ့ နေ့ဆိုတာ သူလည်းသိသည်လေ။ ကောက ဘယ်အချိန်ထဲကမှန်း သူမသိအောင် ထသွားလိုက်လည်းမသိ ။ သူနှိုးလာတော့ကောက အကုန်ပြင်ဆင်ပြီးနေပြီ။ ကျိုးယွင်က ကော သူ့ထက်အရင်နှိုးနေတာကို မကြိုက်ပေမဲ့ ဒီလိုနေ့ကိုတော့ သူနားလည်ပေးရမည် မဟုတ်လား။ ကျိုးယွင် မှန်တင်ခုံဆီကို သွားလိုက်ပြီးစားပွဲပေါ်က ဆံပင် လေမှုတ်စက်ကိုယူလိုက်၏။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now