အပိုင်း၂၁

8.7K 714 81
                                    

Unicode

ရှောင်ဟန်သည် ကျိုးအိမ်တော်တွင် နေထိုင်ခဲ့ သည့် နှစ်သက်တမ်း များလာသည့်အလျောက် ကျိုးယွင်
မရှိသည့် အချိန်များတွင် မနေတတ် မထိုင်တတ်ဖြစ်နေသည့် မျောက်တစ်ကောင် ကဲ့သို့ပင်။
ရှောင်ဟန်က သူကျိုးအိမ်တော်မှာ နေခဲ့သည့် ကာလပတ်လုံး မွေးစားအဖေကလည်း သူလိုအပ်တာ မှန်သမျှကို မတောင်းဆိုလျှင်တောင် အလိုက်သင့် ဖြည့်ဆည်းပေးနေမြဲပင်။
ယခုဆိုမူ နေထိုင်လာသည့် နှစ်များအတွင်းတွင်
ဒီကျိုးအိမ်တော်ကြီး၏ လူအကုန်လုံးက သူ့ကို မိသားစုဝင်အ​ဖြစ် သတ်မှတ်ပေးလာပြီ ဖြစ်သည်။ ကျိုးသခင်မကြီးကလည်း အဘယ်အ​ကြောင်းကြောင့်မှန်း သူမသိပေမဲ့ အရင်ကလို ရင့်သည်းစွာ မဆက်ဆံတော့ဘဲ သူ့ကို တဖြည်းဖြည်းနဲ့ အကောင်းမြင်လာပုံရသည်။ တစ်ခါတစ်ရံ သူမ၏ သားကြီး ကျိုးရန်နှင့်ပင် သူ့ကိုစိမ်းသက်မနေအောင် စကားပြောစေသည်။သူ့ကိုလည်း သားရှောင် ဟုခေါ်လာပြီဖြစ်သည်။ ရှောင်ဟန် ကလည်း အလိုက်တသိ မွေးစားအမေ ဟုသာပြန်ခေါ်ဖြစ်ခဲ့သည်။

မွေးစားအမေ၏တိုက်တွန်းချက်ကြောင့် ရှောင်ဟန်သည် ကျိုးရန်နဲ့ပါ စိမ်းသက်မနေတော့ပဲ စကားကို အလိုက်သင့်ပြန် ပြောဖြစ်ကြသည်။ ဉီလေး ကျိုးချန်ကိုတော့ အိမ်တော်ကြီးတွင် သိပ်မတွေ့ရပေမဲ့ သူ့ကိုတွေ့တိုင်း သားတစ်ယောက်လို ပြောဆိုဆက်ဆံပေးလေသည်။

အခုလက်ရှိ အချိန်မှာ ရှောင်ဟန် အတွက်ကတော့ ပျော်ရွှင်စရာ အတိပြီးသည့် နေ့ရက် ကလေးများပင် ဖြစ်နေသည်။ ဖန်ဆင်းရှင်တွေက သူ့အပေါ် မည့်သည့် အချိန်အထိ မျက်မှာသာ ပေးနိုင်မည်ကို သူမသိပေမဲ့ သူတို့ရက်ရက်ရောရောပေးအပ်လိုက်တဲ့ အရာမှန်သမျှဟာ သူ့အတွက် အတော်ကို လုံလောက်နေပြီဟု ဆိုရပေမည်။

ရှောင်ဟန်သည် သူ၏ ပြီးခဲ့သည့်အတိတ်နှစ်များကအကြောင်းအရာများကို ပြန်တွေးနေမိတော့သည်။

ရှောင်ဟန် အတွက်က ကျောင်းစာ နှင့်ပတ်သတ်၍လည်း လွယ်လွယ်ကူကူပင်။ သူက စာသင်ချိန်မှာလည်း ပြင်ပအာရုံမထားသည့်အတွက် နားမလည်လိုက်သည့်စာ ဆိုတာ ​မရှိသလောက်ပင်​ဖြစ်ပြီး
လော့မင်ကလည်း သူ့နည်းတူပင်...။လော့မင်က ကျန်သည့် အချိန်များတွင်သာ ပေါ့ပျက်ပျက်နေသော်လည်း စာသင်သည့် အချိန်များတွင်တော့ လုံးဝကွာခြားလှသည်။ လော့မင်သည် အဖေကို ကြောက်ရသည့် သားတစ်ယောက် ဖြစ်ဟန်တူသည်။ ဖခင် ရှေ့နေကြီးရဲ့ ခြေရာကို နင်းရမည့် သားတစ်လိုပင်။ အဆင့်ကို လျော့မကျသွားရန် သူ့ရဲ့ ကြိုးစားနှုန်းကိုလော့မင်က လုံးဝမရပ်တန့်ခဲ့ပါချေ။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now