🐼Chapter -29☘(U.Z)

1.2K 49 3
                                    

ကျောင်းသူ ကျောင်းသားတွေ စာ​မေးပွဲနီး​​တော့ သူဟာနှင့်သူ စာကိုလုပ်အသီးသီးလုပ်နေချိန် လူတစ်ယောက်က သူ့စာကို သူမလုပ်ဘဲ  သူ့ရဲ့ရှေ့က စာကိုအတင်း ဖိအား​​ပေးပြီး လုပ်နေတဲ့ နန်း​မေကိုကြည့်​နေသည်။

"ဟူး... အခုမှဘဲ ပြီးတော့တယ်"

လေပူကိုမှုတ်ထုတ်ပြီး အားရပါးရနှင့်အနားယူလိုက်သည်။

နန်း​မေက သူ့ကိုကြည့်နေတဲ့ စိုင်းထက်ရန်းကို သတိထားမိတော့

"ရန်း​လေး ရောဘယ်နှစ် ဘာသာလုပ်လို့ပြီးပြီလဲ"

"၅ဘာသာတော့ လုပ်ပြီးပြီ"
လက်ငါး​ချောင်း​ထောင်ပြီး ချစ်စဖွယ်နဲ့ပြောသည်။

"ကျန်တဲ့ ၂ဘာသာက ဘာလဲ"

"ဘာသာစကား စာ​ပေနဲ့ကာယ နောက်ပြီး ငါကအဲ့ဘာသာမှာ အားနည်းတယ်"
စကားသံက ဖြည်းဖြည်း တိုးသွားသည်။

"ဘာမှမပူနဲ့ အဲ့ဒီ နှစ်ဘာသာက နန်း​မေ ပိုင်တယ်​လေ ရန်း​လေးမသိတာရှိရင်​​မေး​နော် ရန်း​လေး ည​နေကျောင်းဆင်းရင်အားလား"

"အားတယ်​လေ ဘာလို့ "

"အားရင် ဟို.. နန်း​မေရဲ့.."

ပြောဖို့ချိန်မှာသင်းရနံ့ကစကားဖြတ်လိုက်သည်။

"နန်း​မေ ပြီးသွားပြီလား နောက်တစ်ဘာသာလုပ်​တော့"

သင်းရနံ့ကကဆူ​တော့

"ဟုတ်"

နန်း​မေက နှုတ်ခမ်းစူပြီးမ​ကျေမနပ်နဲ့ဖြေလိုက်သည်။

သင်းရနံ့က​ စိတ်ထဲမှာတော့

' နင်အ​ကြောင်းကို ငါမသိဘူးထင်​နေလား နင်က နန်း​မေရတဲ့ ဘာသာကို ချန်ထားပြီး ငါ့ဆီက​နေ နန်း​မေကို လုဖို့ကြံ​နေဒါလား'
စိုင်းထက်ရန်းကို ကြည့်ပြီးပြောလိုက်သည်။

စိုင်းထက်ရန်းက သူ့ရဲ့မျက်လုံးကို​ မှေးပြီး တစ်ခုခုကိုရိပ်မိတဲ့ပုံ နဲ့သင်းရနံ့ကို ကြည့်ပြီး စာကိုကုံပြီးလုပ်နေတဲ့ နန်း​မေဘက်ကိုလှည့်ကြည့်ကာ တွေး​တော​နေသည်။

နေ့လည်ရောက်​တော့ထုံးစံအတိုင်းထမင်းစားကာ နန်း​မေ နှင့် သင်းရနံ့တို့စကား​ဖောင်းဖွဲ့ပုံကိုကြည့်ပြီးရိပ်မိလိုက်သည်။

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigWhere stories live. Discover now