🐼Chapter-38☘

333 35 1
                                    

ဆူးမင်း ကျောင်းမှာမရှိတဲ့ အ​တောအတွင်းမှာ နန်း​မေတစ်​ယောက် စာသင်ခန်းလည်းမသွား ကျောင်း​ကောင်စီအလုပ်ကို နည်းနည်းလုပ်ပြီး ပလစ်ထားလိုက်ပြီး နေချင်သလို​နေ ဖြစ်ချင်တိုင်းဖြစ်​နေသည်။

အခု​​နန်း​မေကကျောင်း ခေါင်မိုးထပ်မှာ နံရံကိုမှီပြီး မုန့်တွေတစ်ထုပ်ပြီး တစ်ထုပ်စား နေတုန်းမှာ သူ့ကို​ကြည့်သလို ခံစားမိ​တော့ အ​ပေါ်ကို​မော့ကြည့်လိုက်သည်။

"ဟိုင်း"

ဆိုပြီး မင်း​တေ​ဇောက မျက်ခုံးပင့်ပြီးနှုတ်ဆက်လိုက်သည်။

"ဟီးဟီး...ဟယ်လို"

ပြောပြီးထွက်​ပြေးဖို့လုပ်​နေတဲ့ နန်း​မေ၏ အင်္ကျီကုတ်ကို အလျင်အမြန်ဖမ်းလိုက်သည်။

"လွှတ်ပါ​တော့​လေ....ငါအင်္ကျီစ..ကိုလွှတ်တော့! ဒီမှာ..လည်းပင်း..တင့်​နေပြီးဘယ်...အဟွက်....အဟွက်"

မင်း​တေ​ဇောက သူ့အားများသွားတာ​ကြောင့် အပြစ်ရှိတဲ့မျက်နှာနဲ့ မေးလိုက်သည်။

"အရမ်းနာ​နေလား"

"နာတာ​ပေါ့ ငါ​နေရာမှာ​နင်ခံကြည့်ပါလား!"

ဒေါသတကြီးနဲ့​ပြောနေတဲ့ နန်း​မေက သိချင်စိတ်နဲ့ လည်းပင်းပွတ်ကာ ပြန်မေးလိုက်သည်။

"နေဦး..နင်ဘယ်တုံးက အားကြီးသွားသလဲ"

"ငါကိုစိတ်မဆိုးနဲ့​​ကွာ ပြောရရင်အရှည်ကြီးဘဲ"

"မ​ပြောနဲ့​တော့"

"နင်သိချင်ရင် ငါ​ပြောမယ်​လေ"

"အင်း...ပြော"

"ဟိုအဖိုးကြီး(ဆူးမင်း)က နင့်ကို​စောင့်ကြည့်ခိုင်းထားတယ် အဲ့တာကြောင့် ငါ​လေ့ကျင့်ကွင်းကို​ နေ့တိုင်းဆင်း​နေရတယ်ကွာ"

"ငါထင်သာလေဘဲ ကျောင်းမှာ ဆရာဆူမရှိတာနဲ့ ငါကဘဲ မဟုတ်ဟုတ်ကလုပ်မှာကို​ကြ နေတာဘဲ ကျောင်းမှာ စပိုင်​တွေ လွှတ်တာမကာ အပြင်မှာ​တောင်   စပိုင်​တွေ လွှတ်လိုက်သေးတယ်"

"နန်း​မေ နင်ခုနက​ဘာ​ပြောလဲ ပြန်​ပြောစမ်း ကျောင်းမှာဘာဖြစ်တာလဲ"

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigWhere stories live. Discover now