စားသောက်ပြီးသောအခါ လျှံဝေမောင်က
"နန်းမေ ဦးလေးလျှံတို့ပြန်တော့မယ်"
ပြောလိုက်သည် လီယန်က နန်းမေကို ခေါင်းငြမ့်ကာ နှုတ်ဆက်လိုက်သည်။
"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ "
လျှံဝေမောင်က နန်းမေဘေးက စားဖိုးမှုး၀တ်ထားတဲ့သူကိုကြည့်ပြီး
"Chef ကိုယ်သွားတော့မယ်"
"ဟုတ်ကဲ့ စီနီယာလျှံ"
လျှံဝေမောင်တို့ထွက်သွားပြီးတပြိုင်နက်
"နန်းမေရေ ဘယ်လို့လုပ်ရမလဲမသိတော့ဘူး စီနီယာလျှံက ဦးလေးကို တစ်မျိုးထင်သွားပြီး နန်းမေ ကယ်ပါ! "
"သမီးလည်း မတက်နိုင်ဘူး ဦးလေး(၃) ထင်သလိုမဖြစ်ပါနဲ့လို့ဆုတောင်းမှဘဲရမယ်"
ငိုပြီးအကူအညီတော့နေသော် ဦးလေး(၃)ကို နန်းမေက ငိုရမယ့်လိုလို ရီရမယ့်လို့နဲ့ နှိမ့်သိမ့်ပြီးပြောလိုက်သည့် အကြောင်းက
Flashback
"မင်းလား! ငါ့မင်းသမီးလေးကို ဒဏ်ရာရအောင်လုပ်တာ ဟမ့်!!"
တစ်ဘက်လူ၏အင်္ကျီကော်လံကိုဆွဲကာ ရန်စတဲ့အသံနဲ့ပြောလိုက်သည်။
"ဦးလေး(၃)! စိတ်အေးအေးထားအုံး"
"နန်းမေ! ဦးလေးကို လွှတ်စမ်း! ငါ့အရှေ့က ဒီအကောင်ကို တစ်ခုခုလုပ်မှစိတ်အေးမှာ"
နန်းမေက လူသတ်တော့မယ်ရုပ်နဲ့ဖြစ်နေတဲ့သူမ၏ ဦးလေး၃ကို ဆွဲပြီးတားနေသည်။
"ဟက်"
"မင်းက ငါ့ကိုရယ်တယ်ပေါ့ နန်းမေ ဦးလေးကို ချက်ချင်းလွှတ်စမ်း! ဒီကောင် က ဦးလေးကို အထင်သေးနေတာ"
လျှံဝေမောင် သူ့ရှေ့က မတွေ့တာကြာပြီးဖြစ်တဲ့ ဝံပုလေ လေး၏ပြောင်းလဲပုံကိုကြည့်ပြီး ရယ်မိသွားတာကြောင့် သူ့ရှေ့က ဝံပုလေ လေး၏ဒေါသကို ဆွမိသလိုဖြစ်သွားသည်။
တစ်ဘက်လူ အားသန်မှုကြောင့် နန်းမေ ဆွဲတားရာကနေ လွှတ်ကျ တော့မလိုဖြစ်ချိန်မှာ လျှံဝေမောင်၏ စကားသံကြောင့်
YOU ARE READING
Fantasyအကောင့်ပျက်သွားလို့ စာအုပ်ခွဲပြီးရေးလိုက်တယ် Book 2