🐑Chapter-37🦁(U.Z)

317 34 2
                                    

ဒီ‌နေ့ ကျောင်း​အတွင်းမှာ ကျောင်းသူ​ကျောင်းသားအားလုံးဟာ ပြီးတဲ့လက စာ​မေးပွဲဖြေ ပြီပြီးဆိုတော့ အခုလမှာ သူတို့​စောင့်​မျော်​နေတဲ့ နေ့ရက်​ရောက်ဖို့အတွက် အခုအ​တောအတွင်းပြင်ဆင်​နေလို့ အလုပ်များနေကြသည်။

ကျောင်းမှာ အလုပ်အများဆုံးက​တော့ ကျောင်း​ကောင်စီပါဘဲ

ကျောင်း​ကောင်စီရုံးခန်းတွင်။

"ကဲ့ဒီ​နေ့ အသင်းသားတို့ကို ခေါ်ပြီးအစည်းအဝေး လုပ်ရတဲ့အ​​ကြောင်းက​တော့ အစီအစဉ်(၁) အသင်း၀င်အသစ်ကြိုဆိုဖို့ရယ် အစီအစဉ်(၂)ကျောင်းသား​ကျောင်းသူ​တွေ စောင့်မျှော်နေတဲ့ ပျော်ပွဲဆင်ပွဲ ပွဲ​တော်ကိစ္စ​အတွက်​ ဆွေး​နွေးဖို့ပါ အရင်ဆုံး အသင်း၀င်အသစ် သုံး​ယောက်ကို ကြိုဆိုလိုက်ကြ​ရအောင်"

လီလီ့က လက်ခုပ်တီးရင်းပြောပြီးနောက် စိုင်းထက်ရန်းနဲ့ သင်းရနံ့ တို့ရှေ့ကိုထွက်လာပြီး စိတ်မပါသလို မိတ်ဆက်လိုက်ပြီး သင်းရနံ့စိတ်ထဲမှာတော့ စိုင်းထက်ရန်းကိုမ​ကျေမနပ်ဖြစ်​နေသည်။

"စီနီယာလီလီ့ ပြောတော့ သုံး​ယောက်ဆို ကျန်တဲ့တစ်ယောက်ရော်"
ကာရန်မာန်က​မေးလိုက်သည်။

"မပူပါနဲ့ ကာရန်မာန်ရယ် သူလာမှာပါ"

ပြောနေရင်းမှာ အခန်းတံခါးဖွင့်လာပြီး ဆံပင်အနီ ရောင် နဲ့ ယောက်ျားလေးတစ်​ယောက်ဝင်လာသည်။

လီလီ့က ထိုလူကိုညွှန်ပြီး​ပြောလိုက်သည်။

"ဟော်​ ပြော​နေရင်း​နဲ့ရောက်လာပြီး သူကတော့ သုံး​ယောက်မြောက် အသင်း၀င်*မင်းတေဇော*ပါ လက်ခုပ်တီးပြီးကြိုဆိုရ​အောင်"

လီလီ့နဲ့နန်း​မေ နှစ်​ယောက်တည်း ပျော်ပျော်ရွှင်ရွှင် လက်ခုပ်တီးပြီး စိုင်းထက်ရန်းနဲ့ရှင်းမာန်တို့ တည်ငြိမ်ဟန်နဲ့ လက်ခုပ်တီးလိုက်သည်။

ကျန်တဲ့အသင်းသား​တွေက မင်းတေ​ဇောကို မထင်မှတ်လို့ကြည့်ပြီး လက်ခုပ်တီးဖို့မေ့​နေသည်။

"လက်ခုပ်တီးကြ​လေ ဘာလို့ တိတ်​နေသလဲ"

လီလီ့ ပြောမှ ကျန်တဲ့သူတွေ အ​တွေးက​နေလွတ်​မြောက်လာသည်။

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigWhere stories live. Discover now