🐧Chapter-35🐒(U.Z)

381 36 6
                                    

"မေနန်း​မေ!! ထ​တော့ ကျောင်းနောက်ကျ​နေပြီး"

မင်းသိုက်ခိုက်က အလုပ်ကိုညနက်ထိအလုပ်လုပ်သော​ကြောင့် နောက်ကျမှနိုး​လာသည်။ နိုးနိုးချင်းမှာဘဲ ဒီ​နေ့နန်း​မေ စာ​မေးပွဲရှိတယ်ဆိုပြီး ဗြာယာခတ်စွာ နန်း​မေကိုနိုး​တော့သည်။

"အူး....လေး​လေး ၅မိနစ်ပါ"

"မေနန်း​မေ ထ​​တော့ ဒီ​နေ့ စာ​မေးပွဲရှိတယ် မေ့​နေပြီးလား မယ်မင်းကြီးမရဲ့"

"ရှင်! ထပြီး ထပြီး လေး​လေးဘာလို့ နန်း​မေကိုစောစောမနိုးတာလဲ"

ပြောပြီး ရေမြန်မြန်ချိုးကာ မြန်မြန်ပြင်ဆင်ပြီး မင်းသိုက်ခိုက်ပြင်ထားတဲ့ နို့ကိုမြန်မြန်​သောက်ပြီးနဲ့မီးကင်ပါမုန့်ကို ကိုက်ကာ

~အု့..အု့~(နို့​သောက်​​နေတဲ့အသံ)

"လေး​လေး တွား​သော့မဲ့(သွား​တော့မယ်)"

"နန်း​မေ အစားကို ကောင်း​ကောင်းစား​လေ အစာမ​ကြေဖြစ်အုံးမယ်"

မင်းသိုက်ခိုက်က​ ပြောလို့မဆုံ နန်း​မေကမင်းသိုက်ခိုက်ကို နှုတ်ဆက်ကာ ကျောင်းကိုသွားသည်။

နန်း​မေ ကျောင်းကို​ရောက်ပြီး စာ​မေးပွဲအခန်းမ၀င်ခင် ရှိသမျှ နတ်​တွေ​ရော ဘာသာ​ပေါင်းစုံကဘုရား​တွေရော ဆု​တောင်းပြီး အခန်းထဲကိုဝင်သွားသည်။

၃နာရီအကြာ မှာ ၄ဘာသာ​​ဖြေပြီး နားချိန်​ရောက်​တော့ ချိန်းဆိုတဲ့​ကျောင်းကောင်စီရုံးခန်း နေရာကို​ရောက်လာသည်။

"ဟူး... ဘယ်သူ့မှ မ​ရောက်​သေးဘူးဗိုက်ဆာလိုက်တာ"

ပြောပြီး အခန်းထဲကို ၀င်လာတဲ့ ရှင်းမာန်ဟာ နန်း​မေကို တွေ့တော့

"ထုံးစံအတိုင်း အစော​ကြီး​ရောက်နေ​ပါလား ဒါနဲ့ စာ​မေးပွဲရော ဖြေနိုင်ရဲ့လား"

"ဖြေနိုင်ပါတယ် စီနီယာဥက္ကဌကြီး   ဥက္ကဌကြီးက​ရော စာ​မေးပွဲအခန်းက​နေ​ စော​စောထွက်လာတာ ဖြေနိုင်တယ်လို့ နန်း​မေ ထင်တယ်နော်"

"ဟုတ်တယ် နန်း​မေ ဒီလ​မေးခွန်းကလွယ်တယ်လေ သြော် ဗိုက်ဆာ​နေပြီးမလား ဒါ​လေးကို အရင် အစား​ပြေအ​နေနဲ့စားထားဦး လူစုံ​တော့မှ ထမင်းစားကြတာ​ပေါ့"

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigWhere stories live. Discover now