🦁Chapter-36🐼(U.Z)

398 41 11
                                    

စား​သောက်ပြီးနောက် လီလီ့ နဲ့ ငြိမ်းချမ်းတို့က အတန်းရှိလို့ စာသွားသင်သည်။

"သင်း​လေး နောက်ဘာလုပ်ဖို့ရှိသေးလဲ"

"စာကြည့်တိုက် သွားပြီး ဖြေထားတဲ့ မေးခွန်းတွေကိုအ​ဖြေမှန်တိုက်မယ် ပြီးတော့ သင်္ချာညဏ်စမ်း​တွေ ပြန်တွက်မယ်"

"အိုး😓"

"နန်း​မေရော လိုက်ဖို့လား"

နန်း​မေ စာမလုပ်ချင်မှန်း သိသိကျီးနဲ့စ နေတဲ့ သင်းရနံ့ကို ခံစားမှုမရှိတဲ့မျက်နှာနဲ့ကြည့်လိုက်သည်။

"မလိုက်ဘူး နန်း​မေမှာ အလုပ်ရှိတယ်"

"ဘာအလုပ်လဲ?"

"တံစိတ်တုံး ထုတဲ့အလုပ်"

(ကျောင်းသား​တွေက သင်း​ထောင် တာဖြင့်ဖြင့် ကျောင်းမှာ တစ်ခုခုကိုဆင်နွဲချင်တာဖြင့်ဖြင့် ၎င်းကိုပြုလုပ်အတွက်​ကျောင်း​ကောင်စီက ထောက်ခံချက် တံစိတ်တုံးကိုပေးမှ လုပ်ခွင့်ရသည်)

နန်း​မေက​ပြောပြီး သင်းရနံ့ခေါင်းပေါ်မှာ ???တွေ​ပေါ်လာသည်။

ရှင်းမာန်က
"သင်းရနံ့မသိ​ဘူးလား နန်း​မေက ကျောင်း​ကောင်စီအရံ​လေ "ပြောသည်။

သင်းရနံ့က အံ့ဩတကြီးနဲ့ နန်း​မေကိုမေးလိုက်သည်။

"နန်း​မေ နင် ကျောင်း​​ကောင်စီအသင်းကို ၀င်တာ ငါဘာလို့မသိရသလဲ ဘယ်အချိန်တုန်းက အသင်း၀င်ဖြစ်သလဲ"

"သင်းလေး မသိဘူးလား နန်း​မေ အလယ်တန်း ကတည်းက အသင်း၀င်ထားတာ နန်း​မေက တောင် သင်း​လေးကို​အသင်း၀င်မလားလို့ ခေါ်သေးတယ်​လေ "

"ဘယ်တုန်းက"

"သင်း​လေးက စာကလွဲပြီး ကျန်တာစိတ်ထဲမှာမရှိတာ နန်း​မေ တစ်​ယောက်ထဲအသင်း၀င်လိုက်ရတာပေါ့"

"ဟုတ်လား"

ပြောပြီး သင်းရနံ့က စိုင်းထက်ရန်းကိုကြည့်ကာ သူကစိတ်မ၀င်စားတဲ့ပုံဖြင့်  ထိုင်​နေတာ​တွေ့​တော့

"စီနီယာရှင်းမာန် ကျမ အသင်း၀င်ချင်တယ်"
သင်းရနံ့က ပြောသည်။

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigWhere stories live. Discover now