🦁chapter-41🐱(U.Z)

103 12 0
                                    

ကျောင်းအားကစားတစ်ကွင်း တွင် ပြေးသူ နှင့်အခြား အားကစားသမားများလည်းသူ့အပိုင်းနဲ့သူ အသီးသီး​လေ့ကျင့်​နေကြသည်

" ပီးးးးး "

ဝီစီမှုတ်သံအဆုံး ကျောင်းသားတစ်ယောက်က ပြေးပြီး အတန်းတစ်ခုပေါ်ကို ခုန်လိုက်သည်။ထို့နောက် တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ တန်းခုန်အားကစားကို လေ့ကျင့်​နေကြသည်။ ဤနည်းနဲ့နန်း​မေ အလှည့်ကိုရောက်တော့ သူမက ချော့​မွေ့စွာခုန်နိုင်ခဲ့သည်။ နားချိန်​ရောက်​တော့

"အတန်းချိန်ထဲမှာ ကာယ အချိန်က အ​ကောင်းဆုံးဘဲ!"

နန်း​မေက အားရတမ်းကျီးနဲ့ ပြောပြီးမြက်ခင်းပြင်​ ပေါ်သို့လှဲပြီး ချွေးစိုစိုနဲ့မျက်စိမှိတ်က အနားယူသည် ပြီးတော့ နန်း​မေရဲ့  မနီးမ​​ဝေးနားမှာ အနားယူ​နေတဲ့ သင်းရနံ့နှင့်ကာရန်မာန်တို့နှစ်ယောက် နန်း​မေကိုကြည့်ပြီး စကားပြောနေကြသည်။

"သင်းရနံ့ ငါ​လေနန်း​မေကို အားကျလိုက်တာ​ အထူးသဖြင့် ကာယ ချိန်​မှာပေါ့နောက်ပြီး နန်း​မေကကိုယ်ကာယပိုင်းမှာ တော်တော်အားသန်တယ်​နော် "

ကာရန်မာန်က မလှမ်းမကမ်းမှာရှိတဲ့နန်း​မေကိုကြည့်ကာပြောသည်။

"အင်း....နင်​ပြောတာငါလက်ခံတယ် နန်း​မေက တက်ကြွတဲ့အချိန်က ဒီအချိန်ဘဲရှိတာ​လေ"

သင်းရနံ့ကချွေးသုတ်ပြီး​ဖြေလိုက်သည်။

"နောက်ပြီး နန်း​မေကို basketball နည်းပြဆရာနဲ့ baseball နည်းပြဆရာ နှစ်​ယောက်စလုံးကအပြိုင်လု​နေကြတာ သူတို့က နန်း​မေကို မိန်းကလေးတစ်ယောက်လို မမြင်ဘဲ အသင်းရဲ့ အဓိက ကစားသမားဖြစ်စေခြင်းတာလေ ငါတို့ကာယဆရာမက ၀င်တားလို့​ပေါ့  နန်း​မေက အရံကစားသမားဖြစ်သွားတာ"

သင်းရနံ့ကဆက်ပြောသည်။

(အ​ကြောင်းက နန်း​မေအလယ်တန်းတုန်းက ကျောင်းတွင်း ဘယ်အားကစားကိုမဆို ယောက်ျားလေးနဲ့တန်းတူကစားနိုင်တာ​ကြောင့် ကျောင်းအားကစားသမား မိန်းက​လေး​နှင့်ယောင်္ကျား ကြာသာမကာ နည်းပြဆရာ ကြာမှာပါနန်း​မေကနာမည်ကြီးသည်)

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigWhere stories live. Discover now