🐺Chapter-40(P2)🦌(U.Z)

374 19 4
                                    

စိုင်းလင်းရာ သူ့​​ရှေ့ကတံခါးကို ခေါက်ပြီး အခန်းအတွင်းက အသက်ကြီးပိုင်း​ ယောက်ျားကြီးတစ်​ယောက်၏ခွင့်ပြုသံထွက်လာပြီးသာနဲ့ တံခါးဖွင့်ကာ၀င်လိုက်သည်။

အခန်းအတွင်းမှာ သူ့နဲ့အရွယ်သူ​ ယောက်ျားနဲ့သက်ကြီးပိုင်း​ယောက်ျားကြီးထိုင်ကာ​စောင့်​နေသည်။

"ဦးငယ် ကိုကျန်းကျန်းမာမာနဲ့တွေ့ရတာဝမ်းသာပါတယ်"

"အင်း မင်း​ရော်ဘဲ"

ပြောကာထိုင်ခိုင်းလိုက်သည်။

"ငါကြားရတာ​တော့ မင်းလုပ်ငန်း​တွေအဆင်မ​ပြေဘူးဆို"

ထို​ယောက်ျားကြီးကဆက်​ပြောသည်။

"ဟုတ်ပါတယ် ဘယ်သူလုပ်တာကိုကျွန်တော်မသိ​ပေ့မဲ့ ကျွန်တော် ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်း နဲ့ကျွန်တော်၀ယ်ယူမဲ့မြေယာ ကို သူကဝင်နှောင့်ယှက်နေတယ်​ နောက်ပြီး ကျွန်တော်စီစဉ်ထားတဲ့ကိစ္စ​တွေကိုလည်း သူက နှောင်း​နှေး​အောင်လုပ်​နေတာ"

ဒေါသတစ်၀က်နဲ့စိတ်ဖိစီးတဲ့ပုံဖြင့်ပြောလိုက်သည်။

"မင်းရဲ့အလုပ်ကို ၀င်​နှောက်တဲ့သူက ဘယ်သူဆိုတာကိုသိလား"

"ကျွန်တော်သိသလောက် သူက ဟိုလ်တယ် စားသောက်လုပ်ငန်းနှင့်အိမ်ယာလုပ်ငန်းပိုင်တယ် ပြီးတော့ တချို့ကျောင်းမှာ ရင်းနှီးမြှုပ်နှံတယ်လိုကြားတယ်"

"မင်း​ပြောပုံကိုကြည့်ရတာ ငါ လူတစ်ယောက်ကို​ပြေးမြင်မိတယ်"

"ဦးငယ် ဘယ်သူလဲများလဲ ဦးငယ်ရင်းနှီးတဲ့သူထဲကတစ်ယောက်လား"

စိုင်းလင်းရာက သူ့ဦး​လေးကို​မေးလိုက်သည်။

"မဟုတ်ဘူး "

"ဒါဆို သူက ဘယ်သူလဲ ဦးငယ်"

"မင်းတို့ Jade ဆိုတဲ့ နာမည်ကိုကြားဖူးလား?"

စိုင်းလင်းရာက မျက်​မှောင်ကြုံ့ပြီးခေါင်းခါကာ စဥ်းစာဟန်နဲ့ "မသိဘူး"လို့​ပြောလိုက်ပြီး ထို​ယောက်ျားကြီးက စိုင်းခန့်ကိုလှည့်ကာ မင်းသိလားဆိုပြီးမင်းသိရင်သူကိုရှင်း ပြလိုက်ဆိုတဲ့ပုံနဲ့ကြည့်သည်။

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigWhere stories live. Discover now