🐯Chapter-30🐤(U.Z)

494 42 7
                                    

ဆူးမင်းတစ်​ယောက် အိမ်တံခါးဖွင့်ဝင်ပြီး ဖိနပ်စင်မှာ ဖိနပ်နှစ်ရံ ပို​နေတာကို​ကြည့်ပြီး ဧည့်သည်ရောက် လာမှန်းသိလိုက်သည်။

ဧည့်ခန်းကို ရောက်​​တော့မည်သူမှမရှိ မီးဖိုချောင်ဘက်မှာ​ အသံကြား​တော့

ကော်ဖီဖျော်ရမလား လက်ဖက်ရည်ရမလား ရွေး​နေတဲ့ မင်းသိုက်ခိုက်က ဆူးမင်းကိုမြင်​တော့

"ဪ..အကိုဆူးမင်း ပြန်လာပြီးလား"

"အင့် အလုပ်တွက် ပစ္စည်းကျန်လို့လာယူတာပါ အကို အိမ်ပြန်တာ ညနက်မယ်​နော် ဟိုညစာက... "

"အင်းပါ ညစာကကျွန်​တော်ဘဲချက်လိုက်မယ် ဘာမပူပါနဲ့ "

"ဒါနဲ့ မင်းသိုက် ဘယ်သူရောက်​နေလို့လဲ"

"အိမ်မှာစာလုပ်ဖို့ သင်းရနံ့နဲ့ထက်ရန်း တို့​ရောက်​နေတယ်​လေ"

ထက်ရန်းဆိုတဲ့ နာမည်ကြား​တော့ဆူးမင်းကို မျက်ခုံးကြုတ်စေသည်။

"အ​တော်ဘဲ အကိုဆူးမင်း ကော်ဖီနဲ့ လက်ဖက်​ရည် ဘယ်ဟာကိုဖျော်ရင်​ကောင်းမလဲ ရွေး​ပေးပါ"

"လက်ဖက်ရည် ဆိုဘယ်လိုလဲ"

"ကောင်းတယ်"

ဆူးမင်းက မင်းသိုက်ခိုက်နဲ့ စကား​ပြောပြီး အိမ်​ပေါ်တက်သွားသည်။ သူအိမ်​ပေါ်ထပ်​ရောက်ပြီးမှ မင်းသိုက်ခိုက်သက်ပြင်းချကာ

'တော်​သေးလို့ အချိန်မိ​ရောက်လာလို့ ငါအပြင်ထွက်တာသိသွားရင်​တော့ မ​တွေးဝံ့စရာဘဲ'

ဆူးမင်းက ပစ္စည်းကို အခန်းထဲဝင်ယူပြီးအထွက်မှာ မျက်​စောင်းထိုးအခန်းကနန်း​မေအသံထွက်လာသည်။

"ဒေါက်...ဒေါက်"
ဆူးမင်းကတံ​ခါးခေါက်ပြီးဝင်လာသည်။

"ဘယ်လိုလဲ စာလုပ်တာအဆင်​ပြေလား"

"ဆရာဆူ အဆင်​ပြေပါတယ်"
သင်းရနံ့က​ဖြေလိုက်တယ်

"နန်း​မေ ညည်း​ရော"

"အင်းပြေတယ်"

"မင်း​ရော"
အေးတီ​အေးစက်နဲ့​မေးလိုက်သည်။

"ကျွန်တော်အဆင်​ပြေပါတယ်"
ယဥ်​ကျေးပုံဖြင့်​ပြောလိုက်သည်။

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigWhere stories live. Discover now