အပိုင်း (၄၀၂) - အိမ်မက်လေး၏ အတိတ်

2.4K 303 2
                                    

Zawgyi


ရှီမာယူယူ ရယ်မောကာ ပြောလိုက်သည် "ဒီကလူတွေအားလုံးက ချက်ပြုတ်စားကြတာ"

"ချက်ပြုတ်စားတယ်ဆိုတာ ဘာလဲ" အိမ်မက်လေးသည် ဆက်မေးလေသည်။

"ခဏနေလို့ ချက်မယ်ဆိုရင် ဘယ်လိုလုပ်တယ်ဆိုတာ ပြမယ်၊ မင်းစားကြည့်မယ်ဆို သိမှာပါ" ရှီမာယူယူ ပြောလိုက်သည်။

"ကောင်းပြီ" အိမ်မက်လေးသည် ပျော်ရွှင်စွာ ခေါင်းညိမ့်လေသည်။ သူမ သခင်သည် သူမအား မဆူပဲ ချက်ပြုတ်ပြီး ဘယ်လိုစားသောက်ရမည်ကိုပင် ပြောပြသေးသည်။ သခင်က သူမအတွက် ကောင်းလွန်းသည်။

"ရေသွားချိုးရအောင်" သူမသည် အိမ်မက်လေးအား ခေါ်ပြီး ခြံဝန်းအပြင်လျှောက်သွားကာ ပြောလေ သည် "ဝိဥာဉ်လေး ကြက်ရိုင်းတွေနဲ့ တခြားသားကောင်ရိုင်းတွေလည်း ပြင်ထားလိုက်"

"အစားအသောက်အတွက်လား" ဝိဥာဉ်လေး ပေါ်လာကာ အိမ်မက်လေးအား ကြည့်လိုက်သည်။ သူမ ထိုသို့ပြောခြင်းသည် သူမ မျက်လုံးများတွင် ဒေါသများဖြစ်မနေပါ။ ဝိဥာဉ်စေတီအတွင်းတွင် သားကောင် အရိုင်း များ လိုအပ်သည်ထက် ပိုရှိသည်။ အချိန်ကြာလာသည်နှင့် အမျှ တိုးပွားလာကာ စားမည့် သူ မရှိပေ။

လင်းလုံသည် ဝိဥာဉ်လေး၏ ပခုံးတွင် ထိုင်ကာ ပြောလေသည် "သခင်က အိမ်မက်လေးကို ကြင်ကြင် နာနာ ဆက်ဆံတာပဲ"

"မင်းကိုလည်း ကြင်နာပါတယ်" ဝိဥာဉ်လေးသည် လင်းလုံအား ခေါ်သွားပြီး ပြောလေသည်။ သူတို့သည် သားကောင်အရိုင်းများကို ဖမ်းရန် သွားလေသည်။

"ဘေဂုံ နောက်ကျရင် မင်းတို့လည်း စားချင်တာ ဖမ်းလို့ရတယ်" ရှီမာယူယူသည် ပြောပြီးနောက် အိမ်မက် လေးအား သူမနှင့်ခေါ်သွားကာ မြင်ကွင်းအား မယုံနိုင်သော လူတစ်စုအား ထားခဲ့လေသည်။

"ငါပြောတာ ယူယူက အိမ်မက်လေးကိုဘာလို့ အဲလောက်တောင် ကြင်ကြင်နာနာဆက်ဆံတာလဲ" ဖက်တီးကျူ မေးလိုက်သည်။

"ငါလည်း အဲလိုထင်တယ်၊ သူမက ပုံမှန်ကောင်းတာတော့မဟုတ်ဘူး" ဝေကျိရွှီ ပြောလိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 3Where stories live. Discover now